Episode 13

150 45 2
                                    

ချစ်ခြင်းဟူသည်...

ညက တစ်ညလုံးအဖျားတက်လိုက် ကျလိုက်နဲ့
ဖြစ်နေတဲ့ကောင်လေးတစ်ယောက်ကြောင့်
အိပ်မပျော်ခဲ့ရတဲ့ကောင်လေး ကတော့...
မနက်အစောကြီးထပြီး နေမကောင်းတဲ့ကောင်လေးအတွက် ဆန်ပြုတ် ပူပူတစ်ခွက် ချက်ပေးနေလေသည်။

ဆန်ကိုပြဲနေတဲ့အထိ တည်မယ်...
ပြီးရင် ကြက်သွန်ဖြူလေးကိုဓားပြားနဲ့ရိုက်ပြီး ထည့်ပေးမယ်...
ပဲဆီလေးတစ်ဇွန်း မွှေးသွားအောင်ထည့်မယ်...
အားရှိအောင် လို့ အမဲသားစွတ်ပြုတ်ရည်လေးနဲ့ အမဲသားကိုနုတ်နုတ်စဉ်းပြီးထည့်မယ်...
ကဲ...ပြီးရင်တော့ ပန်းကန်လှလှလေးထဲကိုထည့်ပြီး
ငရုတ်ကောင်းလေး ဖြူးပြီး
ကြက်သွန်မြိတ် လေးပါးပါးလှီးထည့်လိုက်တော့

အစားအသောက်ကောင်းကြိုက်တတ်တဲ့ကောင်လေး...
ကြိုက်မှာပါလေ...။

‌‌ဟော...မနေ့ညက အပူကြီးနေလို့တဟင်းဟင်းနဲ့ညည်းနေတဲ့‌လူကြီးပေါက်စဟာ အခုတော့ ဟောက်သံပိစိလေးတောင်ကြားနေရအောင် အိပ်နေပါရောလား...

ဆန်ပြုတ်ခွက် နဲ့ ဆေးလုံး ကို ကုတင်ဘေး ချပေးရင်း...
ကုတင်ပေါ်က အလုံးလေးကိုကြည့်နေမိသည်..။

ဒီ လိုသိပ်ချစ်ဖို့ကောင်းပြီး ကျက်သရေရှိလွန်းတဲ့ မနက်ခင်းတိုင်းကို ကျတော်ပိုင်ဆိုင်ချင်ပါသည်လေ။

"အား...."

နိုးထလာခြင်းနဲ့အတူ ခန္ဓာကိုယ်ရဲ့အပူချိန်တစ်ချို့ရယ်...
ခေါင်းကိုက်ခြင်းရယ်ကြောင့် အဆင်မပြေပါ...။

နားထင်နှစ်ဖက်ကို လက်ချောင်းတွေနဲ့အသာနှိပ်နယ်ရင်း
အိပ်ရာထဲကထဖို့အားယူနေရသည်။

"ဘတ်ဟျွန်း...နိုးပြီလား...ဒီမှာ ကျတော် ဘတ်ဟျွန်းနီအတွက် အမဲသားဆန်ပြုတ်လေး ပြုတ်ပေးထားတယ်...
အခုမှ ပူပူလေးပဲရှိသေးတာ မျက်နှာသစ်ပြီး ရင်ကုန်အောင်သောက်လိုက်နော်....ပြီးတော့ ခေါင်းကိုက်ပျောက်ဆေးနဲ့
အပူကျဆေးပါသောက်ထားဦး ပိုပြီးမြန်မြန်သက်သာအောင်..."

စိုးရိမ်စိတ်တစ်ဝက် ဝမ်းသာစိတ်တစ်ဝက်နဲ့ ကိုယ်ကသူ့အတွက်ချည်းပဲ အပင်ပန်း ခံပြီးလုပ်ပေးထားရတာမို့

ချစ်ခြင်းဟူသည်.....Where stories live. Discover now