ဒီနေ့တော့...ကျတော့်အသက်က အလုပ်ပင်ပန်းနေတဲ့ပုံပေါ်ဖြစ်နေပါလား...
ပရောဂျက်အသစ်ရှိလို့အလုပ်ရှုပ်နေလို့တဲ့...
အိမ်ပြန်မလာတာ တစ်ပတ် တိတိရှိပြီ...ပြီးခဲ့တဲ့ပိတ်ရက်က...သူငိုတာကိုကျတော်ကဖက်ထားပေးမိတာကို ...အခွင့်ကောင်းယူတယ်များထင်သွားတာလား
တကယ်ပါ ဒီလူသားလေးစိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ပုံကိုကျတော်မမြင်ချင်ပါဘူး
မျက်နှာကလည်း ချောင်ကျသွားလိုက်တာ...
နှုတ်ဆက်စကားတစ်ခွန်းတောင်ပြောမသွားပဲ...
သူ့အခန်းထဲဝင်အိပ်နေလေရဲ့...ရုံးကအဝတ်အစား တွေမလဲပဲ...ကုတင်ပေါ်မှာခြေပစ်လက်ပစ်အိပ်နေလိုက်တာ...
သေသပ်စွာလှန်တင်ထားတဲ့ရှေ့ဆံပင်လေးတွေက အခုတော့ နဖူးကျဉ်းကျဉ်း ထက်မှာဟိုတစ်စဒီတစ်စ...
ရှပ်အဖြူအင်္ကျီ အောက်က ရင်ဘတ်သေးသေးလေးကတော့ နိမ့်လိုက်မြင်လိုက်နဲ့ အိပ်စက်ခြင်းကိုကူညီပေးနေသည်။
အိပ်ရာကနိုးလာတဲ့အခါ ပင်ပန်းမှုတွေမရှိပဲ နိုးထလာနိုင်ပါစေ...မောင့် သည်းငယ်...
ဆံပင်လေးကိုအသာသပ်တင်ပေးရင်...သိပ်လှတဲ့နဖူးထက် ကို ကျတော့် နှုတ်ခမ်းသားတစ်စုံဖိကပ်မိသွားတာကိုသိခဲ့ရင် စိတ်ဆိုးမယ်ထင်တယ်...။
"တစ်ပတ်လောက် စောင့်နေခဲ့ရတာ...ဒီလိုလုပ် လို့စိတ်မဆိုးဘူးမလား?"
ကိုကြားနိုင်ရုံလောက်သာရေရွတ်ရင်း...
အိပ်ပျော်နေရင်းတောင်လှနိုင်တဲ့ ကောင်လေးရဲ့မျက်နှာ တစိမ့်စိမ့်ထိုင်ကြည့်နေမိတာ နာရီပိုင်းတစ်ခုအထိ....._________________________________
မွေ့ယာရဲ့တစ်ဖက်ခြမ်းက လှုပ်ရှားသွားတာနဲ့အတူ
အခန်းထဲကတရွေ့ရွေ့ထွက်သွားတဲ့အရိပ်တစ်ခုကို
အကြောင်းမဲ့ ငေးကြည့်နေမိပြန်သည်။နဖူးထက်က ခပ်နွေးနွေး အထိအတွေ့က အခုထိ ကျန်နေတုန်းပင်။
မလိုအိပ်တဲ့ စိတ်တွေကို ဘာကြောင့်ထားနေတာလည်း ချန်းယောလ်.....
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_