Episode 11

160 42 0
                                    

ချစ်ခြင်းဟူသည်...

"Chanyeol-ah...လာထိုင်လေ..."

လှလွန်းလို့ငေးကြည့်နေမိတာ...အခုထိ အကောင်ပေါက်လေးနားကိုမရောက်သေး...

လက်ယက်ပြီးခေါ်ကာပြုံးပြနေတော့...

သံလိုက်အားကြီးကြီးနဲ့ဆွဲယူလိုက်သလို...
ခြေလှမ်းတွေကလေပေါ်မြောက်တတ်သွားသလို...

ဘေးနာက ဒန်းပေါ်ထိုင်ရင်း... သီချင်းညည်းသံတိုးတိုးလေးကိုနားစွင့်နေမိသည်။

ဒန်းလွှဲသံ တကျွီကျွီနဲ့ .... ညင်သာလွန်းတဲ့ဒီကောင်လေးရဲ့အသံကိုနှောင့်ယှက်နေသယောင်...

ခြေနှစ်ဖက်ကို စုံထောက်ပြီး ရပ်လိုက်တော့...
ကျတော်လည်း အသာလှည့်ကြည့်မိသည်။

သူကတော့ ကျတော့်ကိုပြန်မကြည့်ဘဲ...နေဝင်ခါနီးတိမ်တောက်နေတဲ့ကောင်းကင်ကြီးကိုသာငေးနေဆဲ...

"ဆည်းဆာဆိုတာ တစ်နေ့တာရဲ့ အဆုံးသတ်ဖြစ်သလို...
တစ်ညတာအတွက်အစတစ်ခုပဲ...

တစ်ခြားသူတွေက သူ့ကိုသိပ်လှတယ်လို့ပြောကြပေမယ့်
ငါကမကြိုက်ဘူး...

ဆည်းဆာရောက်လာလို့ ‌သာယာတဲ့နေ့ တစ်ခုကိုဆုံးရှုံးလိုက်ရသလို...မှောင်မိုက်တဲ့ညတစ်ခုကိုပါအပိုသယ်ဆောင်လာသေးတယ်..."

"ကျတော်ကတော့ ဘတ်ဟျွန်းပြောတာကိုသဘောမတူဘူး"

သူ့စကားကိုဆန့်ကျင်တဲ့အသံတစ်ခုထွက်လာတော့ ကျတော့်ကိုဘာလို့လည်းဆိုတဲ့အကြည့်မျိုးနဲ့ပြန်ကြည့်လာတော့...
ရယ်မိသွားသည်။

"ဘတ်ဟျွန်းပြောတာ မှန်ပေမယ့်...
ဘတ်ဟျွန်းရဲ့နေ့တိုင်းကသာယာနေလို့လား...
မိုးအုံ့တဲ့နေ့ရောမရှိဘူးလား...?
မိုးရွာ‌တဲ့နေ့ရောမရှိဘူးလား..?
နေ့တိုင်းကသာယာနေတာမှမဟုတ်တာ..."

"အင်း မင်းပြောတာလည်းလက်ခံတယ်.."

"ကျတော်ကတော့ နေ့ရော...ညရော...ဆည်းဆာရော...
မိုးသောက်ရော...ဘာတစ်ခုမှမကြိုက်ဘူး..."

ခပ်ပြတ်ပြတ်ပြောလာတဲ့စကားတစ်ခွန်းကြောင့်...
သိချင်တဲ့မျက်ဝန်းတစ်စုံဟာ တစ်လက်လက်ထနေတဲ့ ကြယ်လေးအတိုင်းပါပဲ...

ချစ်ခြင်းဟူသည်.....Where stories live. Discover now