Episode 3

226 41 2
                                    

ရှင်သန်ရတဲ့ နေ့ရက်တွေက သိပ်ကိုခက်ခဲ လွန်းလို့

ဘယ်သူ့အပေါ်ကိုမှ မကောင်းတဲ့စိတ်မထားခဲ့ဖူး

စိတ်ကူးအတွေးထဲတောင်မတွေးခဲ့မပါဘူးဗျာ...

ဒါကိုလူတစ်ချို့ကမယုံဘူးနော်...

ကျတော် လည်းကုန်ထမ်းပြီးလို့ရတဲ့ပိုက်ဆံ‌နဲ့

ခွေးဖြူလေးအတွက် အသားပေါင်မုန့်လေးရယ်..

ကျတော့်အတွက်... ထမင်းလိပ် ကလေးတစ်ခုရယ်

တစ်ခါတစ်လေ ပိုက်ဆံများများရမှ ဝယ်စားနိုင်တဲ့တန်ဖိုးရှိတဲ့နေ့လယ်စာလေးကို ဆူညံ့သံတစ်ချို့နဲ့ လူတစ်ချို့ရဲ့ အပြုအမူကြောင့်ပျက်စီးခဲ့ရတယ်...

"သူခိုး!!သူခိုး.!!! ပြေးပြီလိုက်ဖမ်းစမ်း..!"

ကျတော့် ရှေ့ က ဖြတ်ပြေးသွားတဲ့လူက သူတို့ပြောနေတဲ့ သူခိုးဖြစ်မယ်ထင်တယ်...

လူစွမ်းကောင်းဝင်လုပ်ချင်မိတဲ့ ငါပါလား...

အယ့်လူတွေပြောတဲ့သူခိုးနောက်ကို ကျတော်က လိုက်ဖမ်းပေးတာပါဗျာ...

ဘာလို့ကျတော့်ကို သူခိုး ဆိုပြီး ဝိုင်းရိုက်နှက်ကြတာလဲ....

အားး...တကယ်ပါပဲ အရမ်းနာတယ်ဗျာ...
ဗိုက်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ကန်လိုက်တဲ့ ခြေထောက်တွေကြားထဲ ကျတော် မလူးသာမလွန့်သာ...

အကာအကွယ်ဖြစ်အောင် ကိုယ်လုံးကို ကွေးမိတော့

သက်သာသွားတဲ့ ဗိုက်အစား ကျတော့်ကျောပြင်နဲ့ ‌ဦးခေါင်း

"ပုံစံ ကိုက စုတ်စုတ်ပြတ်ပြတ်နဲ့...
ဟျောင့် မင်းခိုးသွားတဲ့ပစ္စည်းဘယ်မှာလည်း"
ကျတော့် မခိုးမိပါဘူးဗျာ...
ပြန်ဖြေရှင်းနိုင်ဖို့ တောင် မစွမ်းနိုင်လောက်အောင်
နာနေတဲ့ဗိုက်နဲ့ခေါင်းကိုသာ ကိုင်နေမိတယ်....
တိုက်ကြားလမ်းရဲ့စိုစွတ်နေတဲ့ နေရာမှာ ကျတော်ဟာ
ထိုလူတွေရဲ့ ခြေထောက်ကြားထဲမှာ...

"‌ဒီကောင်တော့ ထွီ!!!!"
ရွံစရာကောင်မို့ တံတွေး ထွေးတာလား...
ကျတော်က အမှိုက်ပုံးနဲ့တူနေလို့လား..

ချစ်ခြင်းဟူသည်.....Where stories live. Discover now