Episode 19

163 31 2
                                    

အဖေ့ အိမ် မှာဆို ကျတော့်အခန်းက အပေါ်ထပ်မှာပေါ့
အဖေက ဒူးနာတတ်လို့ ‌လှေကားအတက်အဆင်းမလုပ်ရတဲ့ ‌အောက်ထပ်မှာနေတယ်....

ညဘက်ဆို အလုပ်သမားတွေကလည်း အနောက်ခြံမှာ သွားနေကြရတာမို့
ကျတော်မရှိတဲ့နေ့တွေဆို အိမ်မှာ အဖေ တစ်ယောက်တည်း အိပ်ရတာ...
တစ်ခုခုဖြစ်ရင် ကူမယ့် လူမရှိရင် ဒုက္ခ‌
ပြန်တဲ့ အခါကျရင်...
အဒေါ်ကြီးရဲ့သားလေး ကို ညဘက်လာစောင့်အိပ်ပေးဖို့ မှာထားခဲ့ဦးမှပါ...

ညကိုးနာရီ လောက်မှ အလုပ်တွေ လက်စသတ်လို့
အောက်ခန ဆင်းပြီး ရေသောက်တော့ အဖေ့ ကိုတွေ့ပြန်တယ်...

"အဖေ...မအိပ်သေးဘူးလား?"

" အင်း အိပ်မပျော်လို့ အိပ်ဆေးသောက်မလားလို့..."

"ညတိုင်းတော့ မသောက်မိစေနဲ့နော်...
ကျန်းမာရေးထိခိုက်မယ်..."
"အေးပါကွဲ့... အဖေလည်း ဒီညကျမှ ဘယ်လိုဖြစ်နေသလဲမသိပါဘူး
ပုံမှန်ဆို စောစော အိပ်တတ်တာ သား လည်းသိတာပဲကို.."

" ဟုတ်ကဲ့...ဒါဆို ကောင်းကောင်း အနားယူလိုက်ပါဦး အဖေ ကျတော် အိပ်ပြီနော်..."

"အေး...အလုပ်တွေနဲ့ ပင်ပန်းနေရောပေါ့
အိပ်တော့...."

အလုပ်ပင်ပန်းတာတွေရော...
စိတ်ပင်ပန်းတာတွေပါရောလို့ ဒီနေ့ညမှ ခေါင်းအုံးနဲ့ခေါင်းထိပြီး မကြာခင် ကျတော် အစော အိပ်ပျော်သွားခဲ့တယ်...

အယ့်နေ့ညက ထပ်ပြီးနိုးမလာ ခဲ့ရင် ကျတော်လည်း
အပြစ်သားတစ်ယောက်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်နေမှာမဟုတ်ဘူး....

••••••••••••••••••••••••••••••••••••

At 2:00 A.M.

" အဟွတ်....ဟွတ်...ဟက်..."

နှစ်ခြိုက်စွာအိပ်မောကျခြင်းရဲ့ အနှောင့်အယှက်တစ်ခုက
ကျတော့် ဝင်လေ ထွက်လေ ကို ထိခတ်လာသည်။

မီးခိုးငွေ့ အလုံးလိုက်ကို ရှူသွင်းနေရတဲ့အခါ
အဆုတ်က လက်မခံနိုင်ပဲ ပြန်လည် တွန်းထုတ်နေတဲ့အခါ
အသက်ရှူမဝပဲ နေရခက်စေ ကာ ကျတော့်ကို အိပ်ရာမှ
လန့်နိုးစေသည်။

အခန်းတစ်ခုလုံး မီးခိုးငွေ့‌တို့ ဖုံး လျက် အမြင်တွေပါ ဝေဝါးနေသည်။

ချစ်ခြင်းဟူသည်.....Where stories live. Discover now