Episode 16

154 40 7
                                    

ချစ်ခြင်းဟူသည်...

ကျတော် လူတစ်ယောက်ကိုချစ်မိတယ်...
မလှပတဲ့အတွေးတစ်ခုနဲ့ပေါ့...။

ကျတော် လူတစ်ယောက်ကိုထပ်ချစ်မိတယ်...
ရူးနှမ်းတဲ့အတွေးတစ်ခုနဲ့ပေါ့...။

ဇာတ်သိမ်းခန်းကမလှပနိုင်မှန်းသိထားလည်း
ကျတော် လူတစ်ယောက်ကို ဆက်ပြီးချစ်နေဦးမယ်...

သူ မလိုချင်မှန်းသိလည်း
ဆက်ပြီးချစ်နေပေးရဦးမှာက
ကျတော့် အတ္တဆိုရင်...

ဒီလူ့ကို ဆက်ပြီးနှိပ်စက်နေမှာက သူ့မာနပေါ့...

ဒါပေမယ့်လည်း ကျတော်ကတော့ ခင်ဗျားကိုချစ်တယ်
ဗြောင်ဘတ်ဟျွန်း...။

"မင်း အိပ်စရာရှိတာအိပ်တော့..."

တိတ်ဆိတ်ခြင်း တစ်ခုကို ထိုလူ့ရဲ့ အသံတုန်တုန်ယင်ယင်တစ်ခုက ဖြိုခွင်းလာတော့...

ချန်းယောလ် ငုံ့ထားတဲ့ ခေါင်းကို အသာပြန်မော့ရင်း
ထိုလူကိုငေးကြည့်နေမိသည်။

သူ့အခန်းထဲပြန်ဝင်သွားပြီး...Long Coatတစ်ထည်ဝတ်ရင်း အိမ်အပြင်ကိုထွက်သွားတဲ့ ထိုလူကို‌ မတားမိ...။

ကျတော်နဲ့တစ်မိုးအောက်တည်းမနေနိုင်တော့ဘူးလား...?

အိပ်မပျော်နိုင်တဲ့အခါ...လ'မရှိတဲ့ ကောင်းကင် အမည်းရောင်မှာ ကြယ်တွေလည်းမလင်းနိုင်...အမှောင်ထုတစ်ခုကိုကြည့်ရင်း...မျက်ရည်ကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့....။
_______________________

မနေ့ညက အခြေအနေ တစ်ခုကြောင့် အေးစက်သွားတဲ့
ဆက်ဆံရေးတစ်ခု မှာ နေလို့မပျော်တော့ဘူး...။

ညကလည်း အိမ်မှာမအိပ်ပဲ အပြင်ပြန်ထွက်သွားတဲ့
လူတစ်ယောက်ကြောင့် အိပ်မပျော်နိုင်ပဲ မိုးလင်းခဲ့ရပြန်တယ်....။

အလုပ်မှာ လည်း အဆင်မပြေနိုင်...
စိတ်အစဉ်ဟာ လူတစ်ယောက်ကြောင့်လွှင့်ထွက်ကာ
အသိမဲ့နေတဲ့ ခန္ဓာကိုယ်တစ်ခုကိုသယ်ဆောင်ရင်းသာ...။

လာပါပြီ.... ကျတော့် သိပ်ချစ်ရတဲ့ လူရဲ့ ကားဖြူဖြူလေး...

မနေ့ညက ကောင်းကောင်း အိပ်ရခဲ့တဲ့ပုံမဟုတ်ကြောင်း...ထိုလူလေး ရဲ့ မျက်ကွင်းညိုညိုနှစ်ခုက သက်သေပြနေပြန်တယ်...။

ချစ်ခြင်းဟူသည်.....Where stories live. Discover now