ချစ်ခြင်းဟူသည်....
"မင်းသိလား..ငါတို့ MD Byunက လေ...
ဝန်ကြီးတစ်ယောက်ရဲ့ သမီးနဲ့ တွဲနေတဲ့ သတင်းတွေထွက်နေတာလေ....""အေး...ငါလည်းကြားတယ်...ဟိုတစ်နေ့ကလည်း ရုံခန်းဘက်ကိုသန့်ရှင်းရေး သွားလုပ်တုန်းကလည်း
အခန်းထဲမှာ သူတို့နှစ်ယောက်တည်းရှိနေကြတာလေ""စီးပွားရေး အရပဲလား ဘာလားတော့မသိပေမယ့် အမျိုးသမီးကတော်တော်လှတယ်နော်...."
"ချန်းယောလ် မင်းလည်းသိတယ်မလား?"
"ဗျာ...ဟို ကျတော် မသိဘူးဗျ..."
"ဟာ...တစ်ရုံး လုံးဒီအကြောင်းပဲ ပွက်စိ ထိုးအောင်ပြောနေကြတာကို...."
နေ့လည်စာထမင်းဝိုင်းဟာ အပေါင်းအသင်းတွေနဲ့စားရတဲ့အခါသိပ်မြိန်တယ်...။
ခင်ဗျားရဲ့ အကြောင်းကိုမကြားခင်ကအထိပေါ့...
ခံရခက်တယ်...မိုးမျှော်တိုက်ရဲ့ခေါင်မိုးထပ်ကနေပြုတ်ကျသလိုခံစားချက်မျိုး...
ရင်ထဲကတစ်ခုခုလွတ်ထွက်သွားတယ်လို့ ခံစားရပေမယ့်....
ဖမ်းဆုပ်ကြည့်တဲ့အခါ ဘယ်အရာမှ ရှိမနေဘူး....။ဟုတ်ပါတယ်...ဗြောင်ဘတ်ဟျွန်းဆိုတဲ့ ခင်ဗျားက
ကျတော့်ဆီကထွက်သွားတယ်လို့ ထင်ရပေမယ့်...
တကယ်ပိုင်ဆိုင်ခဲ့ရတာမဟုတ်တဲ့ ခံစားချက်ကြီးကိုမုန်းတယ်....။ထမင်းစားရတာ ရင်ထဲက ပြည့်ကျပ်လာတဲ့စိတ်အစဉ်ကြောင့်....မျိုမကျတော့ဘူး...
မျက်ရည်တစ်ချို့ကို ထွက်မကျလာအောင်ချုပ်တည်း ထားရတဲ့အခါ ...စားနေတဲ့ထမင်းတောင် ပျို့ထွက်ချင်လာတယ်...
ခင်ဗျားနဲ့သူမ ဘယ်လောက်လိုက်ဖက်တယ်ဆိုတဲ့ချီးကျူးသံတွေကို ကျတော်မဟုတ်တဲ့ တစ်ခြားလူတစ်ယောက်သာဆို....
သိပ်လိုက်ဖက်တယ်ဆိုပြီးအားကျနေမိမှာ အမှန်ပဲ။ဒါပေမယ့်...ခင်ဗျားအတွက် သူစိမ်းလိုလူနဲ့တူတဲ့ ကျတော်ကတော့...ဟန်ဆောင်ရင်းစားနေရတဲ့နေ့လည်စာကို
အမြန်အဆုံးသတ်ရင်း...
ဝမ်းနည်းစိတ်တစ်ချို့နဲ့... သန့်စင်ခန်းတံခါးပိတ်ပြီး...တိတ်တိတ်လေးကြိတ်ငိုခဲ့ရတယ်....
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_