Episode 22

172 30 7
                                    

ကျတော့် ဘဝ ရဲ့ ပထမဆုံး တော်တော်များများကို အခုစတင်ချင်ပြီ...
အမြဲနက်မှောင်အောင်ထားခဲ့ရတဲ့ ဆံပင်တွေကို ‌အ‌ရောင်ချယ်ကြည့်ချင်လာတယ်...။

အသက် က 31ဖြစ်နေလည်း အခုဟာက လူတိုင်း fashion ဆိုတဲ့အမြင်တွေရှိလာကြပြီပဲ...
အရင်က ပုံမှန်မဝတ်ခဲ့တဲ့ လူငယ်ဆန်တာလေးတွေဝတ်ချင်လာတယ် ဆိုပေမယ့် ဆောင်းရာသီမို့ ခဏလက်လျှော့ထားတယ်။

ခရီးထွက်ချင်ပေမယ့် ကျတော်တစ်ယောက်တည်းဆို အဆင်မပြေဘူး...
မြို့လေးထဲ နေရာအနှံ့တော့ လျှောက်လည် ဦးမှာပါ

ဘူချွန်းရောက်ပြီဆိုမှ တောင်တက်တာက မပါမဖြစ်ပေါ့
ဒါပေမယ့်လည်း ဆောင်းတွင်းဆိုတာကြီးကြောင့်အဆင်မပြေပြန်ဘူး။

အခုတော့ အိမ်နဲ့နီးတဲ့ ပန်းခြံထဲကခုံမှာထိုင်ရင်း
စိတ်ကူးထဲ ခရီးသွားနေတော့တယ်။

မျက်လုံးမှတ်လို့ နေရောင်ခြည် ကောင်းကောင်းရယူနေတုန်း...
ထိုင်ခုံနောက် က တရွှတ်ရွှတ်အသံကြားလို့ လှည့်ကြည့်မိတော့...
ကလေးမ လေးတစ်ယောက်...
သုံးနှစ်လောက်ပဲရှိသေးတယ် ထင်ပါ့
မျက်လုံးလေးတွေလှလို့ တော်တော်ချစ်စရာကောင်းတယ်ဗျာ။

"ရှူး...တိုတို တိုးတိုးနေပေးနော် ဟာအွန်းလေး မေမေ့ ကိုပုန်းနေတာ..."

ကလေးမက အလည်လေး...ကျတော် အော်မှာကြောက်လို့ ထင်ပါရဲ့...သူကအရင်စပိတ်ထားတယ်...

ဪ...ကိုကို တဲ့လား...ဗြောင်ဘတ်ဟျွန်းတို့ အရွယ်နဲ့မလိုက်အောင် ချောနေပုံများ။

တော်တော်ကြာတဲ့ အထိ ကလေးလေးကိုလာရှာတဲ့သူမရှိတော့မှ အနောက်ကထွက်လာပြီး ကျတော့်ဘေးလာထိုင်လေသည်။

"ဟိဟိ တိုတို ကချောယိုက်တာ..."

ဟော အလည်လေးဗျာ...
အိတ်ကပ်ထဲဆောင်ထားတတ်တဲ့
စတော်ဘယ်ရီ ချိုချဉ်လေး ထုတ်ပေးမိတော့
သွားကျိုးလေးပေါ်တဲ့အထိ ပြုံးပြလေသည်။

"ကျေးကျူးတင်ပါယယ်"

အတတ်လေးရဲ့ ဆံပင်နုနုလေးတွေ အသာထိရင်း ပြုံးနေမိသည်။

/အွန်း ကလေးတွေက သိပ်ဖြူစင်တာပဲ.../
ဆိုတဲ့အတွေးတစ်ခုနဲ့အတူ...
ဆောင်းရာသီရဲ့ကောင်လေးတစ်ယောက်ကို အမှတ်ရမိပြန်သည်။

ချစ်ခြင်းဟူသည်.....Where stories live. Discover now