"ချန်းယောလ်...""ဟုတ် ...အကိုရီရှင်း..."
"ရော့...ဒီလိပ်စာ ကို Chicken Pizza သုံးခု ပို့ပေးရမယ်..."
"ဪ...ဟုတ်ကဲ့..."
"အယ့်တာပြီးရင် မင်းတစ်ခါတည်းပြန်လိုက်ဝောာ့လေ
ခဏနေ မင်ဂီ တို့လာတော့မှာ"အကိုရီရှင်းပေးတဲ့လိပ်စာကို ကြည့်မိတော့
ကျတော့်လမ်းထိပ်က ခြံဝန်းလေးရဲ့ တည်နေရာလေး...နောက်ဆုံးတော့ ဒီအိမ်လေးထဲကို လူရောက်ပြီပေါ့...
မှာထားတဲ့ Pizza သုံးချပ်ကို ထုပ်ပိုးပြီး
စက်ဘီးလေးအသော့နင်းကာ...အိမ်လေးရှိရာကို ဦးတည်လိုက်သည်။••••••••••••••••••••
အမယ်...ဒါမျိုးကျတော့ နည်းပညာတွေ သိပ်ကောင်းတာပဲ
ဆိုင်မှာစောင့်စရာမလိုပဲ
ပါးစပ်နဲ့ပြောစရာမလိုပဲ
Onlineမှာလိုချင်သမျှအကုန်ရတဲ့အပြင်
အိမ်အရောက် ပို့ပေးတဲ့ စနစ်ပါရှိတာ
ဆိုးဂွဒ်...ညစာအဖြစ်...
Pizza သုံးခုကို တစ်ယောက်တည်းကြိတ်တော့မယ့်
အကြံနဲ့ အူမြူးနေတဲ့ လူကြီးပေါက်စကတော့
ဧည့်ခန်းကနေ အပြင် ခြံဝကိုလှမ်းကြည့်ရင်း
Delivery သမားကိုစောင့်နေလေသည်။ဟော...ရောက်ပါပြီ... Food Deliveryက
...စက်ဘီးနဲ့တဲ့လား...
ရောက်လာတဲ့ လူက အကောင်တော်တော်ကြီးလိုက်တာ...ခြံတံခါးဝကို ဖွင့်လို့...အိမ်တံခါးဆီဦးတည်လာနေတဲ့လူရဲ့
ဦးထုပ်အောက်က မျက်နှာကို မြင်မိသွားတဲ့အခိုက်အတန့်
ကျတော် နွေလယ်ခေါင်မှာမိုးကြိုးပစ်ချခံရသလို
တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလိုခံစားချက်တစ်ချို့နဲ့အတူ...ပုံရိပ်တစ်ချို့ စကားသံတစ်ချို့ အပြုအမူတစ်ချို့က
ခေါင်းထဲမှာစာပြန်နွှေးသလိုတရိပ်ရိပ်ပြန်ပေါ်လာနေပြန်သည်။ဟင့်အင်း...တွေ့လို့မရဘူး မဟုတ်လား?
"တီမ်! တီမ်!"
အိမ်ရှေ့က Bellတီးသံကိုကြားတဲ့အခါ
တကယ်ခြောက်ခြားသွားစေတယ်။"တီမ်! တီမ်!...အိမ်ရှင်တို့ ကျတော် Pizza
လာပို့တာပါ ခင်ဗျ..."
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_