ဆောင်းရာသီရဲ့ ပုံရိပ်တွေအကောင်းဆုံးထင်ဟပ်လာတဲ့
နိုဝင်ဘာလ...နှင်းတဖွဲဖွဲကျလို့ Bucheonမြို့ရဲ့ နေရာတိုင်းက
အဖြူရောင်ပုံရိပ်တို့လွှမ်းခြုံနေကြလေပြီ...တောင်လမ်းတစ်ခုကို ဖြတ်ကျော်လို့ လာနေတဲ့ ကားလေးဟာ...
နှင်းတို့ကို့ဖြိုခွင်းလို့ အလင်းမှိန်ပျပျ လမ်းမီးတိုင်လေးတွေကို တရိပ်ရိပ် ဖြတ် ကျော်လာနေသည်။
"ဘတ်ဟျွန်း မင်းတစ်ခုခုလိုရင် ခိုင်းလို့ရအောင် အကူတစ်ယောက်လောက်ခေါ်ထားပါလား?"
ကားလေးရဲ့မောင်းသူနေရာက ထိုင်နေတဲ့ ဂျုံဒယ် က
ဘေးက လိုက်ပါလာသော လူကို အမေးထုတ်လိုက်ခြင်းသာ။ဂျုံဒယ်ရဲ့အမေးကိုတော့ ခေါင်းခါခြင်းနဲ့အတူ တုံ့ပြန်လာတဲ့
လူရဲ့ မျက်ဝန်းရိပ်တို့ဟာ တောက်ပလို့...အိမ်ခြေ အတော်အသင့်ရှိတဲ့ ရပ်ကွက်လေးတစ်ခုရဲ့
လမ်းထိပ်လိုနေရာမှာတည်ရှိနေတဲ့ ခြံဝန်လေးနဲ့ တိုက်ပုလေးတစ်လုံး ရှေ့တွင် ကင်ဂျုံဒယ် မောင်းနှင်လာတဲ့ ကားလေး ရပ်ဆိုင်းလေတော့...လိုက်ပါလာသူနှင့်အတူ အထုပ် အပိုးများရွေ့သယ် ကာ အိမ်ထဲ ဝင်သွားကြလေသည်။
"ဘယ်လိုလည်း မင်းကြိုက်တယ် မဟုတ်လား?"
ခေါင်းတစ်ချက်ငြိမ့်ပြခြင်းနဲ့အတူ အိမ်မှန်အပြင်ဘက်က နှင်းတစ်ချို့ကို ငေးကြည့်နေသောထိုလူ...
"ဒီကနေ သိပ်မဝေးပဲသွားလိုက်ရင် 24hr mart လည်းရှိတယ် ဘေးမှာ Pizza ဆိုင်နဲ့တစ်ခြားအစားအသောက်ဆိုင်လေးတွေလည်းရှိတယ်...
ပြီးတော့ .."စကား မဆုံးခင် လက်ဝါးဖြန့်ပြတဲ့ ထိုလူက
ဂျုံဒယ်ရဲ့စကားများခြင်းဒဏ်ကို မခံနိုင်တော့ဘူးထင်ပါရဲ့/ငါ့နေရာအသစ် ငါ့ဘာသာ ရှာဖွေနိုင်ပါတယ်...
မင်းကရှည်ကိုရှည်တယ်!/
Tablet ပေါ်က စာသားလေးကိုဖတ်ပြီး
ဂျုံဒယ့် ဒေါသ
နှာဝ ရောက်လာလေပြီ...။တိန်!!! အကိုဂျုံဒယ်တို့ စေတနာ ရေစီးကမ်းပြိုမိတဲ့အပြစ်ပါ။
ဒီလိုအကောင်မျိုး လိုက်မပို့ပဲနေခဲ့ရမှာ...
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_