Episode 10

158 48 0
                                    

ချစ်ခြင်းဟူသည်

//ပိတ်ရက်တွေဆို ကျတော်ပျော်သည်။

မနက်ကိုနေမြင့်မှထတဲ့သူက..

.မီးဖိုထဲမှာ မနက်စာပြင်နေတဲ့ကျတော့်ကိုကြည့်နေတဲ့မှုန်ကုပ်ကုပ် ပါပီလေးနဲ့တူလွန်းသည်။

ကျတော် ချက်ထားတဲ့ဟင်းတွေကိုမြည်းစမ်းကြည့်ရင်း
"ကောင်းလိုက်တာ"လို့ပြောရင်းလက်မနှစ်ချောင်းလုံးထောင်ပြီးပြောတတ်တဲ့ လူ‌ကိုမြင်ရတာပျော်သည်။

နေ့လယ်စာကို သူနဲ့အတူတူချက်စားရတာ ပျော်သည်။

သူဆော့နေတဲ့ mobile gameဆော့နည်းတွေကိုသင်ပေးတဲ့အခါပျော်သည်။

ညနေခင်းဘက်သူနဲ့အတူလမ်းလျှောက်ရတာပျော်သည်။

ညဘက်တိုင်း ညဈေးတွေ... ပန်းခြံတွေ သွားရတာပျော်သည်။

ဒီလိုအမြဲတမ်းပိတ်ရက်လေးတွေကို သူ့အတွက်ခွင့်ပေးထားပါလားဗျာ//

"Chanyeol-ah...."

"ဗျာ...နိုးပြီလား ဘတ်ဟျွန်းနီ"

(ဒီနာမည်လေး ခေါ်ပြီး ရယ်ပြတဲ့အခါ
သဘောတကျ ပြန်ရယ်ပြတတ်တဲ့ လူသေးသေးလေးကို
မြတ်နိုးရပါတယ်)

"အင်း........"

(အင်း တစ်လုံးပြောရင်း... အပျင်းကြောဆန့်နေလိုက်တာ...
ဆံပင်စုတ်ဖွားနဲ့ ခွေးပေါက်လေးနဲ့သိပ်တူပြီး ချစ်ဖို့ကောင်းလိုက်တာ သည်းငယ်)

"မနက်စာ အဆင့်သင့်ပါပဲ သခင်လေး ခင်ဗျ အပျင်းကြီးမနေပဲ မျက်နှာသွားသစ်လိုက်ပါဦး.."

"အေးးပါ သိပါတယ်"

ဟော...စလိုက်တိုင်း ဆူအောင့်တတ်တဲ့အကျင့်လေးရယ်...
နှုတ်ခမ်းပိစိက ရှေ့ကို ထော်ထွက် အယ့်မှား လို့ ဆူထွက်လာတာလေးတွေဟာ...
ဒီကောင့်အတွက် နေ့စဉ်စားသုံးနေရတဲ့ သက်စောင့်ဆေးလေးတွေပါဆို ယုံမလား?

အချစ်ဆိုတဲ့ အရာရဲ့ ပထမဆုံးစတင်လာတဲ့ ခြေလှမ်းတွေထင်ပါရဲ့...

ဒီလူသေးသေးလေး ဘယ်လိုနေနေ ငုံထား ခဲထားမတတ် အူယား လာတတ်ပြီ...

ကိုယ့်နာမည် ကို ညင်ညင်သာသာခေါ်ပေးရုံနဲ့တင်
အပျိုဖြန်းလေးတစ်ယောက်လို ရင်တလှပ်လှပ်ခုန်နေတတ်ပြီ...

ချစ်ခြင်းဟူသည်.....Where stories live. Discover now