Episode 4

215 44 6
                                    

သူနဲ့ ကျတော့်ရဲ့ တွေ့ဆုံခြင်းဟာ...ကျတော့်ဘဝရဲ့ပထဆုံး သူငယ်ချင်းလေးရဲ့နောက်ဆုံး......

ပထမဆုံးချစ်ခြင်းဖြစ်ဖို့ လမ်းစ.....

ပထမဆုံးမုန်းခြင်းဖြစ်ဖို့ နိဒါန်း....

ကားဘီးအောက်ကိုကျွံဝင်နေတဲ့ ကို‌ယ်လုံးဖြူဖြူလေးဟာ...
သွေး တွေကြောင့် ချင်းချင်းနီလျှက်.....

မျက်ရည်စက်လက် နဲ့ကျတော် ဘာလုပ်ပေးရမယ် မသိပါ...

ခွေးဖြူလေး ရဲ့မျက်လုံးလှလှလေးတွေက ပိတ်နေလေရဲ့...
ပါးစပ်သေးသေးက ဟောင်သံ ပိစိ‌ လေးတောင် ထွက်မလာတော့....

ကားပေါ်က ဝရုန်းသုန်းကား ပြေးဆင်းလာတဲ့ လူကြီးမင်းကတော့...သိပ်ကိုထိတ်လန့်သွားတဲ့ ပုံနဲ့....

"ကောင်လေး ရယ်...မင်းလည်းငါနဲ့တွေ့ခဲ့ရလို့ပင်ပန်းသွားပြီလား....အသည်းကင် မကျွေးနိုင်တဲ့ ငါ့ဆီက ‌မင်းထွက်သွားပြီပေါ့...ကောင်းကင်ဘုံမှာ မင်းကြိုက်တဲ့...မုန့်တွေအ‌များကြီးစားနေနိုင်ပါစေ...ကွာ...မင်းကို ငါခေါ်ထားမိတဲ့အတွက် အခုလိုတွေဖြစ်ရတာ ငါတောင်းပန်ပါတယ် ကောင်လေးရယ်....မင်း ကောင်းရာမွန်ရာရောက်ပါစေနော်"

ထိုလူ့ရဲ့ မျက်ဝန်းဝိုင်းဝိုင်းမှာ..ဝေ့သီနေတဲ့ ငွေရောင် မျက်ရည်စ တွေကြောင့် ... ဘတ်ဟျွန်းစိတ်ထဲ ဝမ်းနည်းခြင်းအတိဖြစ်ရလေသည်...

သူ့‌ကားဘီးအောက်မှာ...ဘဝပြောင်းသွားရှာတဲ့ ခွေး‌ဖြူလေးရဲ့ခေါင်းအား လက်ချောင်းရှည်ရှည်များနဲ့ ညင်သာစွာ ထိတွေ့ နေရင်း ဆို့နင့်စွာ ပြောလာတဲ့စကားတစ်ချို့ကြောင့်

ဘတ်ဟျွန်း မှာခွေးလေးအတွက်လည်း သနားသလို...
သူ့ပိုင်ရှင်ဖြစ်တဲ့ ထိုလူ့ အတွက် လည်းဝမ်းနည်းရပြန်သည်...

"ဟို...ဟို..လေ ကျတော် တောင်းပန်ပါတယ်ဗျာ...
ကျတော့် ပေါ့ဆ မှုကြောင့်ပါ ...ဆေးခန်းပို့လို့ ရသေးရင်...
ကျတော် လိုက်ပို့ပေးပါ့မယ်...ခွေးလေးအတွက် ဆေးကုသမှု ‌ပြုလုပ်ပေးပါ့မယ်ဗျာ..."

မဝံ့မရဲနဲ့ တောင်းပန်စကားကို စပြောလိုက်မိသည်...

ထိုလူက ဒူးထောက်နေရာမှ ထလာရင်း...ခေါင်းကို ပြုတ်ကျမတတ် ငုံ့ထားလေသည်

ချစ်ခြင်းဟူသည်.....Where stories live. Discover now