Episode 17

177 44 8
                                    

ချစ်ခြင်းဟူသည်....

ကျတော် သိပ်ချစ်ရတဲ့ လူကပြောခဲ့တယ်...
"မင်းမှန်နေရင် ဘယ်တော့မှ သည်းမခံနဲ့..."တဲ့

ကျတော်မှန်နေလည်း ဆက်ပြီးသည်းခံ ချင်နေသေးတာ...
မှားယွင်းနေတဲ့ လူက ခင်ဗျား ဖြစ်နေလို့
ဗြောင်ဘတ်ဟျွန်း...။

ရယ်မောသံတွေ မရှိတော့တဲ့ အိမ်မှာ...
အိမ်ပြန်လမ်း မရှာ‌တတ်တော့တဲ့ အိမ်ပိုင်ရှင်ကို
စောင့်နေရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့...။

ဗြောင်ဘတ်ဟျွန်းဆိုတဲ့ ကျတော့်ရဲ့ အသည်းအသက်ဟာ
အိမ်ပြန်မရောက်တာ...ရက်ပေါင်း 14 ရက်...

လူတွေရဲ့စကားအရတော့...သူ့ရဲ့မိန်းမလှလေးနဲ့...
လက်ထပ်တော့မယ်တဲ့....။

မယုံပါဘူး...ကျတော့်ကိုစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့တဲ့ လူတစ်ယောက်ဟာ ဘာလို့သူများသားသမီးကိုလက်ထပ်ယူရမှာလဲ...?

Company ဆိုတဲ့နေရာကြီးမှာ...
ပိုင်ရှင်ဖြစ်တဲ့ သူနဲ့...မထင်မရှားနေရာမှာအလုပ်လုပ်ရတဲ့
ဒီလူဟာ ပတ်သက်စရာ အကြောင်းစိုးစဉ်းမှ မရှိ...။

တစ်ခုတည်းသော ဒီနေရာမှာပဲ ခင်ဗျားကို စောင့်နေရတာ...ဘယ်လောက်ပင်ပန်းရတယ် ထင်လဲ?

ပြန်မလာချင်တော့တဲ့ လူကို ဆွဲခေါ်နိုင်မယ့် အင်အားလည်း
ကျတော့်မှာမရှိဘူး....။

သည်းခံပြီးစောင့်နေပေးရုံပါပဲ....။

_____________________

ကိုယ်ပိုင်တဲ့ အိမ်ကိုပစ်ပြီးထွက်ပြေးနေတဲ့
အိမ်ပိုင်ရှင်ဦးလေးကြီး ပြန်မလာတာ....

ရက်ပေါင်း...လေးဆယ့်ငါးရက်ပေါ့...
ဆောင်းတစ်ခုပြီးလို့ နွေဦးတောင်ရောက်ပြီပေါ့...

အိမ်ပြန်လမ်းမှာ...ဆောင်းရဲ့ အငွေ့အသက်တွေနဲ့ ကျန်ရှိနေတဲ့ အအေးချိန်လေးတစ်ခုင ခြေလှမ်းတွေကိုပိုမိုသွက်လက်စေတယ်။

ကျတော်ဆက်သည်းခံနေရမလား?
ထွက်ပြေးရမလား?

အိမ်ရှေ့ရောက်တိုင်း အလှည့် ကျတဲ့ ခြေလှမ်းလေးဟာ
"ထွက်ပြေးပါ"ဆိုတဲ့ စကားလုံးရဲ့ ကိုယ်စားပြု တဲ့ခြေလှမ်းလေးပဲ ...

ချစ်ခြင်းဟူသည်.....Where stories live. Discover now