Episode 5

196 40 4
                                    

"ဦးလေးကြီး ကျတော် ဘတ်ဟျွန်းနီပါ..."

ပွင့်ဟသွားတဲ့ တံခါးရဲ့နောက် ကမထင်မှတ်ထားတဲ့ လူကြောင့် ဘတ်ဟျွန်းမှာပါးစပ်အဟောင်းသားနဲ့ဖြစ်သွားရပြန်သည်....

အညိုရောင်ခပ်နွမ်းနွမ်း ဖျင် အင်္ကျီမှာ...သွေးစ တစ်ချို့နဲ့ ထိုလူ...

ကျတော့်ကို မြင်မြင်ချင်းပဲ ထိုလူက ခေါင်းကို ချက်ချင်း အောက်စိုက် ကာ ‌ပြောလာသည်။

"လူကြီးမင်းအတွက် ဘာအကူအညီ လို လို့လဲ ခင်ဗျ"

သူ့ပုံစံက လူကြောက်တတ်တဲ့ကလေးတစ်ယောက်နဲ့သိပ်တူသည်...

လူတိုင်းကို ဒီလိုပဲ ဆက်ဆံနေတာလား...

ငါ့ကိုမှ လား?
လူမိုက် ခေါင်းဆောင်ရှေ့မှာ မတ်တပ်ရပ် နေရလို့ ခြေမခိုင်ပြီးလဲကျတော့မယ် လူ လိုလိုနဲ့...

"ဦး..ဦးလေးကြီးမရှိဘူးလား "

"ဟုတ် ..ဦးလေးကြီး နေမကောင်းလို့ သူ့အစား အလုပ်ဆင်းပေးတာပါ..."

"‌ဪ...."

"ဒါနဲ့ မင်း အဆင်ပြေရဲ့လား?"

ညနေက ကိုယ့်အမှားကို ပြန်သတိရသွားတဲ့ အခါ အားနာစိတ်ကြောင့် ...မေးခွန်းထုတ်မိပြန်သည်။

အနွေးထည်ပေါ်မှာလည်းသွေးစတစ်ချို့

ခွေးပေါက်လေးရဲ့ သွေးစ ဖြစ်လိမ့်မည်။

သူက ဘာမှပြန်မပြောလာ......
မျက်နှာကို ပိုငုံ့ချပြီး လက်ချောင်း တွေ က
ဖျင်အနွေးထည်ပါးပါးရဲ့ အောက်ပိုင်းကိုဆုပ်ကိုင်ကာ
လုံးချေနေသည်။

"ကျတော် တောင်းပန်ပါတယ် ကျတော့်ပေါ့ဆမှုကြောင့် မရည်ရွယ်ပဲ ဖြစ်သွားခဲ့ရတာပါဗျာ... အားနာလွန်းလို့ ကျတော်ဘာပြောရမှန်းတောင် မသိပါဘူး..."

"ရပါတယ် လူကြီးမင်း ....ကောင်လေး ကိုလည်း ‌ကျတော် ကောင်းကောင်းပို့ပေးလိုက်ပြီမို့...ပြီးတော့ လူကြီးမင်းလည်း စိတ်မကောင်းဖြစ်မနေပါနဲ့တော့...သူကောင်းရာမွန်ရာရောက်သွားမှာပါ..."

အသံ ခပ်ဩဩ ဟာ သူ့ရဲ့ နားထဲ ခပ်အေးအေး ဝင်ရောက်လာသော‌အခါ....

ချစ်ခြင်းဟူသည်.....Where stories live. Discover now