Episode 6

203 44 3
                                    


"မင်း ငါနဲ့လိုက်ခဲ့..!"
ထိုလူကြီးမင်းပေါက်စ ကကျတော့် လက်ကိုဆောင့်ဆွဲ ခေါ်လာတာကြောင့် ထိုသေးသေးလေးနောက်ကို ကလန်ကလားကြီးတရွတ်တိုက်ပါသွားသည်မှာ
အနှီ ပတ်ခ်ချန်ယောလ်....

အနောက် က လူတစ်ယောက်ကလည်း...
တစ်မြို့လုံးကြားနိုင်လောက်တဲ့ အသံနဲ့ စကားပွစိပွစိတွေပြောရင်း ကျတော်တို့နောက်က လိုက်လာနေသည်။

ဆိုင်အပြင်မှာရပ်ထားတဲ့ ကား အဖြူလေးရှေ့မှာသူကျတော့်လက်ကို ဖြုတ်ချလိုက်သည်။

"မင်းဘာလို့ပြန်မပြောတာလဲ?!"

ဒီလိုသေးသေးလေး က ဒေါသကြီးရင်လည်းကြောက်ဖို့ကောင်းတာပဲလား...

ကျတော် ဘာမှပြန်မပြောရဲဘူး တစ်ခုခုမှားသွားရင် သူ့နောက်က ကိုအာပြဲနဲ့ပေါင်းပြီး ကျတော့်ကိုရိုက်သွားရင်ဘယ်လိုလုပ်မလဲ....

ခေါင်းကိုပဲငုံ့ထားနေမိသည် ...
ပြန်ပြောစရာလည်းမရှိပါဘူး...

"မင်း ယောက်ျားလေ ဘာလို့အယ့် အဒေါ်ကြီးရိုက်သမျှကိုငြိမ်ခံနေရတာလည်း...ဟမ်!!!"

"မင်းပါးစပ်ကိုပိတ်မထားနဲ့ပြော!!!"

အား...အကောင်သေးသလောက် အသံကတော့ မသေးပါလား...

သူ့ကိုကြည့်ရတာဒေါသ ထွက်နေသလိုပဲ...

ဟာ...သူက ကျတော့်အတွက်ဒေါသထွက်ပေးတာလား
ကျတော့်ကို အဒေါ်ကြီးကရိုက်လိုက်လို့...သူဒေါသထွက်နေတာလား....

"တောင်း...တောင်းပန်ပါတယ်ဗျာ..."

"မင်း ငါ့condoမှာ ညစောင့်မဟုတ်ဘူးလား?"

"မဟုတ်ပါဘူး...ကျတော့်မှာ အတည်တကျ အလုပ်မရှိဘူးဗျ"....

ထိုစကားကြားမိတော့ ဘတ်ဟျွန်း စိတ်ထဲမကောင်း အသက်နှစ်ဆယ်နီးပါးထိုကောင်လေး အရွယ်ဆိုတာ တက္ကသိုလ် မတက်ရင်တောင် ပုံမှန်ရုံးစာရေး အလုပ်လောက်တော့ရမှာပါ။

"ကျတော် ကမိဘမဲ့ ပြီးတော့ အိမ်ခြေယာမဲ့တစ်ယောက်...
ပညာမှမတတ်တာ ရတဲ့အလုပ် နဲ့ ဝမ်းစာရှာနေရတာပါ..."

ထိုစကားကြားကြားမိခြင်း ဘတ်ဟျွန်းရော...ဂျုံဒယ်ပါ ဝမ်းနည်းမိသွားတာအမှန်ပင်...

ချစ်ခြင်းဟူသည်.....Where stories live. Discover now