Episode 20

182 34 1
                                    

"အသက်ကယ်ဆေး ထိုးမယ်..."

"လူနာက မီးခိုးငွေ့တွေအရမ်းရှူမိထားလို့..
အဆုတ်ကပုံမှန် မဖြစ်နိုင်သေးဘူး"

"Oxygen flow ထပ်တင်မယ်......
BPက အရမ်းထိုးကျနေပြီ...
ဆရာမ သွေး အဆင့်သင့်လုပ်ထား..."

"ဟုတ်ကဲ့ဆရာ..."

မီး အလင်းရောင်စူးစူးတစ်ခုအောက်မှာ ကျတော် ရောက်နေတာပဲ...
ဆေး အနံ့အသက်တွေ က ကျတော့်နှာခေါင်းထဲ အလျှိုလျှိုတိုးဝင်နေသည်...။

ညာဘက် ဦးစောင်းနားက ဦးရေပြားက အောင့်သက်နာကျင်နေတယ်...
ဒီအစိမ်းသက်သက် နာကျင်မှုကြီးက ကျတော့် ကို ထိတ်လန့်မှုကြီးတစ်ခုပေးနေလေသည်

ဘေးမှာ လူ လေးငါး ယောက် ကစကားတွေမရပ်မနားပြောနေကြတယ်...
ဆရာဝန်တွေထင်တယ်...

ကျတော် နိုးနေကြတာ မသိဘူးနဲ့ တူတယ်...

ပါးစပ် မှာတပ်ထားတဲ့ Oxygen ပိုက်က ဝင်ထွက်နေတဲ့ လေအေးအေး တစ်ခုကြောင့် ကျတော် ပြောလိုက်တဲ့စကားကလေသံတောင်ထွက်မလာ။

ခေါင်းကို လာထိတဲ့ စပ်ဖျင်းဖျင်းအရည်တွေကြောင့်
ကျတော် အသည်း ခိုက်မတတ်နာကျင်နေရသည်။
သို့ပေတည်း...နာကျင်မှုကို တုန့်ပြန်ဖို့ ကျတော့် ကိုယ်က ကောင်းကောင်းအလုပ်မလုပ်တော့...

"ခဏ‌လေး....ဆရာမ !
လူနာ လက် လှုပ်နေတယ်...."

"ဆရာ မေ့ဆေး ပိုက် သေချာစစ်ထား ရဲ့လား?"

"Limit မပြည့်ခင် လူနာနိုးလာတာလား?"

ကျတော့် မျက်ခွံတွေ ကို ဆွဲဖွင့် လို့ ဓာတ်မီး အသေးလေးတစ်ခုနဲ့ ကျတော့် မျက်အိမ်ကိုထိုးကြည့်လာသည်။
အလင်းဒဏ်စူးစူး ကိုခံစားမိတာကြောင့် မျက်အိမ်ကို ဘယ်ညာလှုပ်ရှားရင်းရှောင်တိမ်းမိသည်။

"ဘယ်လိုဖြစ်တာလဲ?
ဆရာ မေ့ဆေး လိုသေးတယ်...
ခွဲစိတ်မှုမပြီးခင် လူနာနိုးလာလို့မဖြစ်ဘူးလေ...!"

ကျတော့် ရဲ့ လှုပ်ရှားမှုတစ်ခုကြောင့်
ခွဲစိတ်ခန်းထဲက ဆရာဝန်တွေ အားလုံးက အကြီးအကျယ်
ခေါင်းရှုပ်သွား‌တယ် ထင်ပါရဲ့...

ခဏနေတော့ ယာဘက် လက်အကြောထဲက နာကျင်မှုသေးသေးလေးတစ်ခုနဲ့အတူ...
ကျတော့်မျက်လုံးတွေ တစ်ဖန်ပြန်လည်မှိတ်ကျလို့ အမှောင်ထုတစ်ခုဆီကိုဦးတည်သွားပြန်သည်။

ချစ်ခြင်းဟူသည်.....Where stories live. Discover now