Episode 2

281 51 2
                                    

ကျွန်တော် ရင်ခွင်တစ်ခုလိုချင်တယ်....

အရိုးထဲထိအေးနေတဲ့ ဆောင်းရာသီမှာ ထွေးပွေ့ပေးမယ့်
ရင်ခွင်တစ်ခု...

မိုးရွာတဲ့နေ့တွေမှာ မိုးရေစက်တွေရဲ့ အထိအတွေ့ကိုမခံရအောင် ထွေးပွေ့ပေးမယ့် ရင်ခွင်တစ်ခု...

ငိုကြွေးမိတဲ့ အချိန်တွေမှာ မျက်ရည်တွေကို တစ်ခြားသူတွေ မမြင်အောင်ကာဆီးပေးမယ့်ရင်ခွင်တစ်ခု...

ကျရှုံးသွားတဲ့အချိန်တွေမှာ ထွေးပွေ့နှစ်သိမ့်ပေးထားမယ့် ရင်ခွင်တစ်ခု...

ဒုက္ခတွေထည်လဲတွေ့တဲ့အခါ ဖေးမ ပေးမယ့်ရင်ခွင်တစ်ခု

လိုချင်ပါတယ်...ဘုရားသခင်...

နေ့တိုင်းလိုလို...ကျွန်တော့်ရဲ့အလုပ်က အတည်တကျမရှိဘူး

တစ်ခါတစ်လေ ...စားသောက်ဆိုင်မှာ စားပွဲထိုးရတယ်

တစ်ခါတစ်လေ မီးဖိုခန်းကျဉ်းကျဉ်းလေးရဲ့ဘေးမှာ ပန်းကန်‌ထိုင်ဆေးရတယ်...

တစ်ခါတစ်လေ...ကုန်ပစ္စည်းတွေထမ်းရတယ်...

တစ်ခါတစ်လေ သူများခြံထဲမှာသန့်ရှင်းရေးလုပ်ရတယ်

တစ်ခါတစ်လေ...ရေသန့်ဘူးထမ်းပြီးအထပ်မြင့်တိုက်တွေပေါ် ပို့ပေးရတယ်...

တစ်ခါတစ်လေ ခြံစောင့်အဖြစ်နေပေးရတယ်...

ဒီအလုပ်တွေက တစ်ခါတစ်လေ ကျတော့်ကို အိပ်စရာနေရာပေးတယ်...

တစ်ခါတစ်လေ ကျတော့်ကိုစားစရာပေးတယ်

တစ်ခါတစ်လေတော့ "သူခိုး"ဆိုတဲ့ စွပ်စွဲမှုနဲ့အတူ

ရိုက်နှက်မှုတွေလည်းပေးတတ်တယ်...

ဆင်းရဲချို့တဲ့လွန်းလို့နုံချစုတ်ပြတ်နေပေမယ့်လည်း

ကျတော့် ကိုယ်ကျင့်တရားကိုတော့ မှန်အောင်နေပါတယ်

ဘယ်သောအခါမှလည်း မကောင်းသောအလုပ်ကိုမလုပ်ခဲ့ပါပဲနဲ့....

ဘာလို့ကျတော့်ဆီ ဆိုးရွားမှုတွေပဲရောက်လာရတာလဲ ဗျာ

ပြန်မပြောရဲပါဘူး သူတို့က ကျတော့် ကျေးဇူးရှင်တွေပဲလို့ ကျတော်သတ်မှတ်ထားလို့....

ချစ်ခြင်းဟူသည်.....Where stories live. Discover now