Untitled Love Part(15)

1.1K 109 4
                                    

Unicode

'အချစ်' စကားလုံးအနေနှင့်သာ ကြည့်လျှင်
စကားလုံးနှစ်လုံးတည်းရှိပြီး ရိုးရှင်းသည်။သိမ်မွေ့သည်။နူးညံ့သော ခံစားချက်မျိုးပေးသည်။

'အချစ်' လူသားတို့၏နှလုံးသားထဲမှ ပေါက်ဖွားလာလျှင် များစွာသောအဓိပ္ပာယ်အမျိုးမျိုးဖြင့် သတ်မှတ်ကြ။ခံယူကြ။ဖွင့်ဆိုကြသည်။နက်ရှိုင်းလာသည်။

နှစ်ဦးကြား အနေနီးမှု့၊နွေးထွေးမှု့၊ဂရုစိုက်ပေးမှု့၊မြတ်နိုးမှု့၊တန်ဖိုးထား၊မေတ္တာထားရှိမှု့ စသည့် အမျိုးမျိုးသော သံယောဇဉ်များ ရစ်နှောင်၍ ခံစားလာရသော ခံစားချက်များကို တစ်ယောက်သောသူအတွက် အချစ် ဆိုပြီး သတ်မှတ်ကြသည်။ခံစားကြသည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ညို့‌မှိုင်းနေသော ကောင်းကင်ယံကြီးမှာ မိုး
သားမိုးခဲများ နေရာအပြည့်ယူထားလျက်
မိုးမရွာခင်အချိန် အားယူစပြုလာသော ရာသီဥတု အခြေအနေကို နှောင်း မြင်တွေ့နေရသည်။တောက်ပနေသော တိမ်စိုင်ဖြူတိမ်စိုင်သားများအစား ညို့မှိုင်းနေသော မိုးသားများက အစားထိုး၀င်ရောက်လာပြီး ပူပြင်းသောအခြေအနေမှ နေရောင်မရှိသော မှိုင်းညို့သည့်ရာသီဥတု အခြေအနေသို့ ပြောင်းလဲသွားသည်။

လုံခြုံသွားသလို၊နွေးထွေးသွားသလို နှင့် စိတ်အေးချမ်းသာမှု့မျိုး ရသလိုမျိုး ခံစားရသည်။ရာသီဥတုများထဲမှ မိုးရာသီကိုပိုနှစ်ခြိုက်မိသူဖြစ်သည်။ခံစားချက်များသူများအတွက် မိုးရာသီဥတု အခြေအနေကအဖော်ပြုပေးတတ်သည်။မကြာခင် သီတင်းကျွတ်ရောက်တော့ မည်ဖြစ်၍ ကုန်ဆုံးတော့မည့် မိုးရာသီကြီးကို လွမ်းဆွတ်ရတော့မည်။

မိုးပေါက်များမှာ အရှိန်နည်းနည်းဖြင့် စတင်ကျလာပြီး တဖြည်းဖြည်း အရှိန်မြင့်လာသည်။မည်သည့်အသံများမှ တိုးမပေါက်အောင် ဝုန်းဒိုင်းကြဲလာပြီ။မိုးမရွာခင်ကတည်းက နေရာယူပြီး ဖြစ်သော ကုတင်ပေါ်ကနေ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေရင်း နှောင်းရဲ့ခေါင်းထဲ အတွေးတစ်ခုရောက်လာသည်။

မိုးရွာစပြုလာလျှင် ရောက်လာ၊ရလာတတ်သော မြေသင်းနံ့လေးလို နှောင်းအတွေးထဲ တစ်စုံတစ်ယောက် ရောက်လာပြီ။ဘေးနားက ဖွင့်ထားသော စန္ဒယားသံစဉ်ကလည်း သည်းနေသော မိုးသံများကြား နှောင်းနားထဲ ထင်းကနဲ ရောက်လာသည်။ထိုစန္ဒယား သံစဉ်ကြောင့် နေ့ရက်တစ်ရက်ကို နှောင်း မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now