Zawgyi_Part(6)

398 61 5
                                    



စိုင်းခွန်းအိမ်

စိုင်းခွန်းအိမ်သည် အရပ်ရှည်ရှည်နှင့်
ယောင်္ကျားပီသသော ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။မျက်နှာကြည့်လိုက်သည်နှင့် ထင်းနေသော နှာတံရှည်ရှည်၊မျက်ခုံးခပ်ထူထူ၊တစ်ဖက်သူကို စွဲဆောင်နိုင်သော မျက်လုံးတစ်စုံနှင့် အချိုးအစားကျသော မျက်နှာအနေအထားကိုလည်းပိုင်ဆိုင်ထားသေးသည်။

ရှမ်း+ဗမာ ကပြားဖြစ်သည့်အတွက် အသားအရည်မှာ ဖြူသည့်အထဲပါသည်။နက်မှောင်လှသည့် ဆံပင်တို့ကို အပေါ်မော့တင်ထားပြီး စမတ်ကျကျထားတတ်သည်။အ၀တ်အစား ၀တ်ရာတွင် လိုက်ဖက်အောင် ၀တ်ဆင်တတ်ပြီး မော်ဒယ်လ် တစ်ယောက်လိုပင် စမတ်ကျလှသည်။

ခွန်းအိမ်သည်  တောင်ကြီးမြို့ဇာတိဖြစ် သည်။ခွန်းအိမ်မှာ တစ်ဦးတည်း‌သောသားဖြစ်သည့် အလျောက်အနေအေးသည်။ခွန်းအိမ် ငယ်ငယ်ကတည်းက အမေဖြစ်သူမှာ ဆုံးပါသွားသဖြင့် အဖေရဲ့အုပ်ထိန်းမှု့အောက်မှာပဲ ကြီးပြင်းလာသူတစ်ယောက်ဖြစ်သည်။

ခွန်းအိမ် ငယ်စဉ်ကတည်းက အပေါင်း အသင်းမမက်။အိမ်မှာပဲ အနေများပြီး အဖေဖြစ်သူ၏ လျှပ်စစ်ပစ္စည်းဆိုင် မှာ
ဝိုင်းကူပေးသည်။တစ်အိမ်လုံး သားအဖနှစ်ယောက်သာရှိပြီး တစ်ခါတရံမှသာ အဘွားဖြစ်သူ အလည်လာသည်။

အဖေဖြစ်သူမှာလည်း အနေအေး၊သားဖြစ်သူမှာလည်း အနေအေးလှသည်။အဖေဖြစ်သူ ဦးစိုင်းလုံသည် ယခုအသက်အရွယ်၌ပင် ‌ခန့်ချောလျက်ရှိနေသေးသည်။အဖေဖြစ်သူ၏ ရုပ်ချောမှု့ အမွေဆက်ခံထား၍ အမျိုးများက အဖေတူသား ဟု အပြောများကြသည်။

ခွန်းအိမ် ဆယ်တန်းအောင်တော့ အမှတ်မီတဲ့ နည်းပညာတက္ကသိုလ်ကိုပဲ တက်ပြီး အီလက်ထရောနစ် မေဂျာယူခဲ့သည်။ငယ်စဉ်ကတည်းက တစ်ယောက် တည်း နေရသည်ကို သဘောကျသူဖြစ်သဖြင့် တက္ကသိုလ်မှာလည်း အကြောင်းကိစ္စရှိမှသာ သူငယ်ချင်းအပေါင်းအဖော်များနှင့်သွားလာလေ့ရှိသည်။ယခုလည်း ဇာတိတူ အတန်းဖော် သူငယ်ချင်း လရိပ်မွန်၏မွေးနေ့ဖြစ်သည်မို့ လာရခြင်းဖြစ်သည်။

မွေးနေ့ပွဲအပြီး လူအများစုပြန်သွားသည့်အချိန်၌ လေကောင်းလေသန့်ရှုချင်သည်နှင့် ခွန်းအိမ် ဆိုင်အပြင်ဘက်ထွက်လိုက်သည်။ဆိုင်ရှေ့ခုံတန်းပေါ်၌ လရိပ်အသိညီလေး နှောင်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။အခြားထိုင်စရာမရှိသည့်အတွက် ခုံ၏ ညာဘက်အစွန်း၌ ကပ်ထိုင်လိုက်သည်။ခွန်းအိမ်ထိုင်လိုက်သည်နှင့် ဘယ်ဘက်အစွန်၌ထိုင်နေသည့် နှောင်းမှာ သူ့ပေါင်ပေါ်သို့ ရုတ်တရက် လှဲချလိုက်သည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now