Zawgyi_Part(17)

331 48 6
                                    


ရထားပေါ်ရှိ ထိုင်ခုံတန်းလျား၌ နေရာအသင့်ယူထားပြီးဖြစ်သော စိုင်းခွန်းအိမ်နဲ့
နှောင်းညို။

ဘူတာမှ စတင်ထွက်ရှိတော့မှာ ဖြစ်သည့် အတွက် ရထားစက်နှိုးသံကို ကြားရပြီ။အပြင်မှာ တဖွဲဖွဲနှင့် မိုးရွာသွန်းလျက်ပင်။

အချိန်တစ်ခုထိ နှောင်းတို့ နှစ်ယောက် မည်သည့်စကားမှ မပြောပဲ မြင်တွေ့နေရသော
ရှု့ခင်း၏ အလှတရားကို ငေးမောနေကြသည်။ရာသီအလိုက်စိုက်ပျိုးသော စိုက်ခင်းများ၊တောင်လှေကားစိုက်ပျိုးနည်း ဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများ၊‌စိမ်းစိုနေသော တောင်ကုန်းတောင်တန်းများ မှာ အလွန်ပင် မျက်စိပဒေဿ ဖြစ်စရာကောင်းလှသည်။ခဏအကြာ‌တော့ မိုး နည်းနည်းစဲ သွားပြီး ရာသီဥတု အခြေအနေ ပြန်ကောင်းမွန်လာသည်။

"နှောင်း..ရှု့ခင်းတွေ လှရဲ့လား..."

နှောင်းညို ကျေနပ်သော အပြုံးဖြင့် ခေါင်းငြိမ့်ပြသည်။

"အရှေ့မှာ  လိုဏ်ခေါင်းနှစ်ခုရှိတယ်၊ပထမတစ်ခုက နည်းနည်းတိုတယ်၊နောက်တစ်ခုက ရှည်တယ်၊နှစ်ခုစလုံးက အဂ်လိပ် လက်ထက်ကတည်းက ဆောက်လုပ်ထားခဲ့တဲ့ လိုဏ်ခေါင်း‌တွေလေ၊အဲ့အထဲ ၀င်ရင် အကုန်မှောင်သွားမှာ နှောင်း ကြောက်ရင် ဖုန်းမီးဖွင့်ထားနော် ...."

"နှောင်း မကြောက်ပါဘူး ကိုစိုင်းကလည်း.."

"ဟုတ်ပါပြီဗျာ...."

ခဏကြာတော့ ပထမလိုဏ်ခေါင်းတစ်ခုကို စဖြတ်သည်။ရထားတစ်စင်းလုံး မှောင်မည်းသွားသည်။စိတ်လှုပ်ရှားစရာတော့ အလွန်ပင်ကောင်းလှသည်။လိုဏ်ဂူထဲ ၀င်သည့်အချိန် ရထားပေါ်ပါလာတဲ့ ကလေးများ၏ လှောင်ပြောင်အော်သံ များကိုလည်း ကြားရသေးသည်။စိုင်းခွန်းအိမ်ကတော့ မှုန်ဝါးဝါးမြင်နေရသည့် နှောင်း၏အပြုံးကို ကြည့်လျက်။

ဒုတိယတစ်ခုဖြတ်ဝောာ့ အတော်ကြာကြာမှောင်သွားသည်။ရထားခုတ်မောင်းသံများကျယ်လောင်စွာ မြည်နေသည်ကို နှောင်းကြားရသည်။ဒါပေမယ့် စိုင်းခွန်းအိမ်၏ ရင်ခုန်သံကိုတော့ နှောင်းတစ်ယောက် ကြားမည်မဟုတ်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now