Untitled Love Part(14)

1K 102 2
                                    

Unicode

ကံကြမ္မာက လူသားတွေ‌ရဲ့ ဖြစ်တည်မှု့အရာအားလုံးကို ဖန်တီးပေးနိုင်စွမ်းရှိတယ်လို့ လူသားအများစု ပြောကြသည်။ဒါဆိုလျှင် စိုင်းခွန်းအိမ်ကို နှောင်းညို ဆိုတဲ့ ချာတိတ်ကလေးနဲ့ တွေ့ဆုံပေးခဲ့သည်ကလည်း ကံကြမ္မာဖန်တီးပေးမှု့လား။ဘယ်လိုမျိုး ခေါင်းစဉ်အောက်မှာရှိတဲ့ တွေ့ဆုံခြင်းမျိုးနဲ့ သူတို့နှစ်ယောက်ကို တွေ့ဆုံစေခဲ့တာလဲ။ကောင်းသောတွေ့ဆုံခြင်းလား၊ဆိုးသောတွေ့ဆုံခြင်းလား။သေချာသည့် အချက်တစ်ခုတည်းသာရှိသည်။

ကံကြမ္မာက လူသားနှစ်ယောက်ကို ခေါင်းစဉ်မရှိ၊အဆုံးသတ်မရှိပဲ တွေ့ဆုံပေးလိမ့်မည်မဟုတ်။

အမှတ်တမဲ့နှင့် သူ့နှလုံးသားထဲ၀င်ရောက်လာပြီး ခင်မင်ရင်နှီးမှု့၊သံယောဇဉ်၊မေတ္တာ ‌တွေနဲ့ သူ့နှလုံးသားကို နွယ်ကြိုးများလို ရစ်နှောင်ခဲ့သူ နှောင်း။ရစ်နှောင်ထားတဲ့ နွယ်ကြိုးများ အတင်းလွန်သွားလျှင် နှလုံးသားထဲရှိ ခံစားချက်များ တစ်နေ့ ပေါက်ကွယ်ထွက်လာလိမ့်မည်သာ။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

မနေ့ညက နည်းနည်းများသွားသည့် အရှိန်ကြောင့် စိုင်းခွန်းအိမ် အိပ်ရာမှထတော့
ခေါင်းနည်းနည်းကိုက်နေသည်။သူ့ခေါင်းထဲ အကြောင်းအရာတစ်ခု ရောက်လာသည်။မနေ့ညက အတော်မူးသွားပြီး နှောင်းကို ဖွင့်ပြောမိလိုက်မိပြီလား။

အထိန်းအကွပ်မဲ့သော မျက်ရည်များ နှောင်းမျက်လုံးကို စေ့စေ့ ကြည့်နေရင်း သူ့ပါးပြင်တစ်လျှောက်စီးဆင်းလာသည့်အထိသာ သူမှတ်မိသည်။စိုင်းခွန်းအိမ် ခေါင်းတစ်ခုလုံး ထူပူသွားသည်။ဘယ်လိုမှ စဉ်းစားမရ။ဒီကိစ္စကို သူနဲ့ နှောင်းအပြင် မည်သူမှသိလောက်မည်မဟုတ်ဟု စိုင်းခွန်းအိမ် စဉ်းစားမိသွားသည်။

"ဟုတ်တယ်....နှောင်း၊နှောင်းဆီ ဖုန်းဆက်မေးကြည့်မယ်..."

ကုတင်ဘေး၌ရှိသော စာကြည့်စားပွဲပေါ်မှ ဖုန်းကို လှမ်းယူသည်။ဖုန်း contact မှ နှောင်းဆိုတဲ့ အမည်ကို ရှာသည်။‌ရှာတွေ့တာနဲ့ ဖုန်းခေါ်မည့်ဟန်ပြင်လိုက်တော့မှ....

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now