Untitled Love Part(7)

1.6K 149 4
                                    

Unicode

စိုင်းခွန်းအိမ် ထိုင်ခုံတန်းထဲ ဝင်လာတော့ သူ့ထိုင်ခုံပေါ် မုန့်တင်မည့်ဟန်ပြင်နေသည့် နှောင်းညိုအား မြင်သွားသည်။

"ဟာ...အကို့အတွက် နေရာမရှိတော့ဘူးပေါ့"

"ဆောရီး ကိုစိုင်း။နှောင်း လူမရှိလောက်ဘူးထင်ပြီး တင်မလို့ လုပ်လိုက်တာ။ကိုစိုင်း ဟိုဘက်မှာ ထိုင်နေပြီမှတ်လို့"

"အခုရော ထိုင်လို့ရပြီလား.....နှောင်း"

"ထိုင်လို့ရပါပြီဗျ....ဟီး..."

စိုင်းခွန်းအိမ် ထိုင်တော့မည်ဟန်ပြင်နေစဉ် ‌နိုင်ငံတော်အလံ အလေးပြုသီချင်းစသည်နဲ့ တိုးသည်။စိုင်းခွန်းအိမ်လည်း မတ်တပ်ရပ်လက်စ နှင့် အလေးပြု‌လိုက်သည်။နှောင်းတို့လည်း ထိုင်ရာမှ ထကာ နိုင်ငံတော်အလံ အလေးပြုကြသည်။ဇာတ်ကားစတော့ နှောင်းနဲ့ ကိုစိုင်းခုံကြားက မုန့်ခွက်ထဲ ကိုစိုင်းရော စားချင်ရင် စားလို့ရအောင်ပေါက်ပေါက် ဗူး ထည့်‌ပေး ထားလိုက်သည်။ထိုင်းအချစ်ဇာတ်ကား ဖြစ်သဖြင့် ငြိမ့်ငြိမ့်လေးဖြင့် ကြည့်ကောင်းနေသည်။တစ်ချက်တစ်ချက် ကိုစိုင်းခွန်းအိမ်ကို နှောင်း ခိုးကြည့်မိ သော် လည်း ကိုစိုင်းခွန်းအိမ် ရိပ်မိပုံမပေါ်ပဲဇာတ်ကားကိုသာ စိတ်၀င်တစားကြည့်နေသည်။နှောင်းကြည့်ဖူးသည့် ဇာတ်ကားထဲကလိုမျိုး ပေါက်ပေါက်နှိုက်ရင်း လက်ချင်းဆုံမိမှာ အားနာ၍ သတိထားပြီး နှိုက်ရသေးသည်။

"နှောင်း ဇာတ်ကားက အရှေ့မှာနော် ဘေးမှာမဟုတ်ဘူး"

ထွန်းနောင် နှောင်းနား နားကပ်၍ နှောင်းကို စနေသည်။နှောင်းလည်း ထွန်းနောင်ကို ဘာမှ ပြန်မပြောတော့ပဲ ခေါင်းရမ်းပြပြီး ဇာတ်ကားသာ ဆက်ကြည့်လိုက်သည်။အမမွန်တို့အဖွဲ့လည်း ဇာတ်ကားကိုသာအာရုံစိုက် ကြည့်နေကြသည်။နှောင်းတို့ ဇာတ်ကားကြည့်ပြီးတော့ ရုံရှေ့မှာ စုကြသည်။

"ထွန်းနောင် ငါ့ကို အဆောင်လိုက်ပို့ပေး"

"ဟာ ...အမမွန်ကလည်း နှောင်း ကျတော့ ဘယ်သူလိုက်ပို့မှာလဲ"

"နှောင်းက စိုင်းခွန်းအိမ်နဲ့ တူတူသွားလို့ရတယ်လေ။အဆောင်လည်းတူတာပဲကို။လုပ်ပါ ဟိုဆောင်းမက ငါ့အဆောင်ဘက်လိုက်ပို့ပေးပြီး အပြန်ကျတစ်ယောက်ထဲမို့တဲ့။ဟဲ့... စိုင်းခွန်းအိမ် နှောင်းကို နင်နဲ့အတူခေါ်သွားပေးနော်"

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now