Zawgyi_Part(13)

307 50 18
                                        



နှောင်းညိုနဲ့ စိုင်းခွန်းအိမ်တို့ အတူသွား၊အတူလာကြရင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်တာကာ ခင်မင်မှု့ အတိုင်း အတာတစ်ခုထိတော့ ရောက်လာခဲ့ကြပြီ။ပြောစရာရှိသည့်၊တိုင်ပင်စရာရှိသည့် စကားများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ကြသည်။

စိုင်းခွန်းအိမ်၏ အကိုတစ်ယောက်လို နွေးထွေးကြင်နာစွာ ဂရုစိုက်ပေးသည့်အပေါ် နှောင်းညို စိတ်ကျေနပ် သည်။စကားပြောလျှင် လေသံအေးအေးလေးနှင့် နားထောင်သူ နားဝင်ချိုအောင် ပြောတတ်သော စိုင်းခွန်းအိမ်၏အသံကို နှောင်းညို ပိုနှစ်ကြိုက်သည်။

မလရိပ်မွန်၏မွေးနေ့ပွဲညမှ စတင်ခင်မင်မှု့ရရှိခဲ့သော စိုင်းခွန်းအိမ်သည် နှောင်းညိုအတွက် ကံကြမ္မာပေးသည့် လက်ဆောင်မွန်တစ်ခုပင်။တွေ့တွေ့ချင်းကတည်းက ‌သတိထားမိပြီး မနီး နီးစပ်အောင် ဖန်တီးပေးထားသော ကံကြမ္မာကို နှောင်းညို ကျေးဇူးတင်မိသည်။

ကျစ်လစ်သော ခန္ဓာကိုယ်အချိုးအစားကြောင့် လူတကာထက်ပိုထင်းနေသည်။အားကစားဝတ်စုံ အမည်းရောင် လက်ပြတ်၊ဘောင်းဘီတိုနှင့် အားသွန်ခွန်စိုက် သူ့လက်ထဲ ဘောလုံးရောက်အောင် တခြားသူဆီမှ ရယူနေသည်။

ဘက်စကက်ဘောကစား၍ လှုပ်ရှားနေရ
သဖြင့် ထွက်လာသော ချွေးများကပင် သူ့အသားရည်ကို ၀င်းလက်သွားစေသည်။ဘောလုံး သူ့လက်ထဲရောက်သွားပြီဆိုလျှင် အားထည့်ခုန်ကာ ခြင်းထဲ ၀င်အောင်ထည့်သည်။‌ခြင်းထဲဝင်ပြီး ဘောလုံးပြန်ကျလာသောအချိန်၌ 'နှောင်း...မြင်လား...'ဆိုသော အကြည့်ဖြင့်လည်း လှမ်း၍ကြည့်သေးသည်။

သူနှင့်မသက်ဆိုင်လျှင် ၀င်မပါတတ်ပဲ၊သက်ဆိုင်ပြီး တာဝန်ရှိလျင် အစွမ်း ကုန်ကြိုးစားပေးတတ်သူ၊အနေအေးပေမယ့် အမြဲစိတ်မအေးပဲ နှောင်းအတွက်ပူပန်ပေးတဲ့သူ။နှောင်းရဲ့နှလုံးသားကို ပထမဦးဆုံး နွေးထွေးမှု့ပေးတဲ့သူ။သူ့ဘက်ကသာ ခြေလှမ်းစခဲ့လျှင်သာ..ဆိုသော အတွေးများဖြင့်သာ။

နှောင်းဘက်က ဖွင့်ပြောလိုက်လို့ သူနဲ့အချစ်‌အပေါ် ခံယူထားသည့်ခံယူချက်မတူခဲ့လျှင် အခုလို ရရှိထားသည့် ခင်မင်မှု့များပင် ပျက်စီးသွားလိမ့်မည်ကို နှောင်းမလိုလား။ယခုလို မျက်စိရှေ့မှာ သူပြုံးပြတဲ့ အပြုံး၊သူပြောတဲ့ စကား မြင်ခွင့်ကြားခွင့်ရနေ‌သည်ပင် နှောင်းအတွက်လုံလောက်ပါသည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now