Zawgyi
"သား......ထတော့ ၇နာရီထိုးပြီ"
"ဟုတ်ကဲ့.........ထတော့မယ်၊ခဏလေး.....
မှေးပြီးရင် ထမယ်နော်"
ထုံးစံအတိုင်း နိုးစက်ပေးသော်လည်း မနက်တိုင်း နှောင်းညိုအား နှောင်းအမေ နိုးနေခြင်းဖြစ်သည်။အမေဖြစ်သူ နိုးပြီး တအောင့်လောက်ကြာမှ နှောင်းညိုအိပ်ရာမှထသည်။အမေပြင်ပေးထားသော မနက်စာကို အားရပါးရစားတတ်သည်။
ကျောင်းပိတ်သည့်နှစ်လအတွင်း အမေချက်ကျွေးသည့် နှောင်းအကြိုက် ဟင်းများကို အ၀စားဖို့ ကျောင်းမှာကတည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ကျောင်းပိတ်ပြီး သိပ်မကြာခင်မှာပဲ မြန်မာ့ရိုးရာ သင်္ကြန်ပွဲစသည်။သင်္ကြန်
ရက်အတွင်းတော့ နှောင်းအိမ်က ဆိုင်ခဏပိတ်ထားသည်။အိမ်ကလူကြီးများ ဥပုဒ်ကျောင်းသွားလျှင် နှောင်းညိုက အိမ်စောင့်ပေးရသည်။တစ်ခါတလေမှသာ အိမ်တံခါးပိတ်ပြီး နှောင်းညိုပါ ဥပုဒ်ကျောင်းလိုက်ဖြစ်သည်။ငယ်ငယ်တုန်းကတော့ ဘေးနားပတ်ဝန်းကျင်မှ ကလေးများနှင့် ရေပက်ကစားကြသော်လည်း ဆယ်တန်းရောက်ပြီးကတည်းက မဆော့ဖြစ်တော့။အိမ်တွင်းအောင်းနေဖြစ်သည်ကများသည်။
⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪
"ဒီတစ်ခါ ကျောင်းပြန်ရင် ဘာဟင်း လုပ်ပေးရမလဲ သားရေ"
ကျောင်းပြန်သွားရန် ဆယ်ရက်ကျော်လောက်သာ လိုသော နှောင်းညိုအား အမေဖြစ်သူက မေးနေသည်။
"ဟင်းတော့ မလုပ်ပေးနဲ့တော့ အမေ ဆိုင်မှာ စားဖြစ်တာများတယ်၊ကြက်အခြောက်ကြော်လေးတော့ ကြော် ပေးနော် တစ်ခါတလေစားချင်လာလို့ ဟီး..."
"အေးပါ သားရယ် အမေလုပ်ပေးပါ့မယ် သားအကြိုက်တွေ အကုန်လုပ်ပြီးထည့်ပေးလိုက်မယ် ငါ့သားအလိမ္မာလေးအတွက်"
နှောင်းတို့သားအမိနှစ်ယောက်ပြောနေသံကို
ကျောင်းပိတ်၍ အိမ်ပြန်ရောက်နေသောနှောင်းအမက ကြားပြီး
"အမေက အမေ့သားကျတော့ အလိုလိုက်တယ်ပေါ့ သမီးကျတော့ ဟွန့်..."
"မနာလို မဖြစ်ပါနဲ့ အမရာ အဲ့လို အချစ်ခံချင်ရင် လိမ္မာအောင်နေရတယ်ဟ ဟီး..."
YOU ARE READING
Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)