Ending Part(Uni)

3.3K 136 25
                                        

ညရောက်ခါနီးပြီဖြစ်၍ အအေးဓာတ်က စိုးမိုးလာလေပြီ။တိတ်ဆိတ်နေသော ပတ်၀န်းကျင်အနေအထားအကြောင့် အရာအားလုံးငြိမ်သက်နေသည်။

"နှောင်း ...ရော့ ဒါလေးသောက်ထားလိုက်..."

ထွန်းနောင် နှောင်းကို လက်လှမ်းပြီး ဆေး ပေးနေသည်။မနေ့ညက ၀န်းရံတာမှာ အတော်ကြာ ထိုင်ခြင်း၏အကျိုးဆက်ကြောင့် နှောင်းတစ်ယောက် ဖျားချင်သလိုလိုဖြစ်နေသည်။တစ်မနက်ခင်းလုံး အိပ်ရာထဲမှာ လှဲနေပြီး ညနေစောင်းမှ ထလာခြင်းဖြစ်သည်။

ညက ထွန်းနောင်နဲ့ ထိုင်စကားပြောနေတော့ အကောင်း မနက်အိပ်ရာထမှ ခေါင်းနောက်သလိုလို၊မူးသလိုလို ဖြစ်လာသည်။အဲ့ဒါနဲ့ တနေကုန် ဘယ်မှမသွားတော့ပဲ ထွန်းနောင် လုပ်ပေးသည့် ခေါက်ဆွဲပြုတ်စားထားပြီး အခန်းထဲမှာပဲနေလိုက်သည်။

ယခုလည်း မမွန်တို့ နှင့် ချိန်းဆိုထားသည့် မီးပုံးလွှတ်ပွဲ သွားမည်ဖြစ်သောကြောင့်သာ ပြင်ဆင်ထားရခြင်းဖြစ်သည်။

ထွန်းနောင်ပေးတဲ့ ဆေးကို စားပွဲပေါ်မှာရှိသည့် ရေနဲ့ သောက်လိုက်သည်။စားပွဲပေါ်မှာ တင်ထားသည့် ပရုပ်ဆီဗူးကို ရှူလိုက်ပြီး သူ့လွယ်ထားသည့် ဘေးလွယ်အိတ်ထဲ ထည့်လိုက်သည်။

"နှောင်း သက်သာလား...."

"အင်း မနက်ကလောက် မမူးတော့ဘူ..."

နှောင်းညို တစ်ယောက် မျက်နှာသိပ်မလန်းသည့်ပုံပေါ်နေ၍ ထွန်းနောင်မေးလိုက်ရခြင်းပင်။တစ်အိမ်လုံး သူတို့နှစ်ယောက်ထဲသာ ရှိ၍ တိတ်ဆိတ်နေသည်။

အခန်းပြတင်းပေါက်မှ ၀င်လာသော လေများက အအေးဓာတ်အနည်းငယ်အချို့ယူဆောင်လာသည်။၀တ်ထားသော အနွေးထည်အထူကြောင့် ခံသာမိသည်။

"နှောင်း ပြတင်းပေါက်ပိတ်လိုက်ရမလား..."

"မပိတ်နဲ့ ရတယ် ထွန်းနောင် လေကောင်း လေသန့်ရတယ်..."

"မင်း အဆင်ပြေတာ သေချာတယ်နော်
နေသိပ်မကောင်းရင် မသွားပဲနေမလား..."

ထွန်းနောင်မျက်လုံးမှာ နှောင်းကို စိတ်ပူနေသည့်အရိပ်အယောင်များနှင့်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now