ကျေးဇူးတင်စကား😍

925 57 23
                                    


ခွန်းရဲ့ပထမဆုံး ficလေးဖြစ်တဲ့ Untitled Love(ခေါင်းစဉ်မဲ့သောအချစ်)လေး ဒီမှာပဲပြီးဆုံးသွားပြီလို့ ထင်ပါသလား။😁😌

အရင်ဦးဆုံး ဇာတ်သိမ်းပိုင်းထိ စိတ်၀င်
တစားဖတ်ပေးကြပြီး မမေ့မလျော့ vote ပေးကြသော စာဖတ်သူများကို ခွန်း အရမ်းအရမ်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။🤗

စာရေးတာကို ငယ်ငယ်ကတည်းက စိတ်၀င်စားခဲ့ပေမယ့် ဒီနှစ်(၂၀၂၀). ၅ လပိုင်းလောက်မှ Wattpadဆိုတဲ့ appလေးကို စသိပြီး ဒီ Wattpad app မှာပဲ စရေးဖို့ဆုံးဖြတ်ဖြစ်လိုက်ပါတယ်။

ခွန်းက BL fic တွေ၊BL movie တွေ၊BL seriesတွေကို ဖတ်ရတာ၊ကြည့်ရတာ ကြိုက်တဲ့အပြင် ခွန်းကိုယ်တိုင်လည်း လက်ခံထားတဲ့ အချစ်ဖြစ်တဲ့အတွက် ကိုယ့်စိတ်ကူးလေးတွေကို တတ်နိုင်သလောက်၊ဉာဏ်စွမ်းရှိသလောက် ဖန်တီးရေးမယ်ဆိုပြီး စရေးဖြစ်ခဲ့ပါတယ်။

ပထမဆုံး ရေးတာဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှု့မရှိသလိုဖြစ်သွားတာမျိုး၊အရေးအသား၊အပြောအဆိုတွေက စာဖတ်သူတွေအတွက် ထောက်နေသလိုဖြစ်သွားရင် ခွန်းတောင်းပန်ပါတယ်နော်🤗
ချစ်တဲ့စိတ်လေးနဲ့ကြည့်ပြီး ဖတ်ပေးကြပါလို့ ခွန်းတောင်းဆိုချင်ပါတယ်ဗျ

အပေါ်ဆုံးက စာကြောင်းလေးကို ဆက်ပါမယ်😌

မထင်ပါနဲ့။ဒီမှာပဲ ပြီးဆုံးသွားမှာမဟုတ်ပါဘူးဗျာ။🤗

ပထမဆုံးစရေးတဲ့ ဒီficလေးမှာပါတဲ့
ကာရိုက်တာတစ်ခုက ‌ခွန်းဘ၀ရဲ့ အကြောင်းအချို့ကို ထည့်ရေးပုံဖော်ထားတာဖြစ်လို့ ခွန်းအသက်ကြီးရင် ကြီးသလို ရလာတဲ့ အတွေ့အကြုံတွေကို ထည့်၀င်ရေးသား ပုံဖော်သွားအုန်းမှာမို့လို့ ဆက်လက်စောင့်ကြည့်ပေးပါအုန်းဗျာ။

စိုင်းခွန်းအိမ်နဲ့ နှောင်းညိုလေးကို မေ့မသွားရဘူးနော်😁

အဆက်ကို ဘယ်အချိန်တင်ပေးမှာလဲလို့ မေးလာရင် ခွန်းကိုယ်တိုင် တိကျတဲ့ အဖြေမပေးနိုင်သေးပါဘူးဗျ😌 အဲ့အတွက်တောင်းပန်ပါတယ်။

ဒါပေမယ့် စာဖတ်သူတွေနဲ့ အဆက်မပြတ်အောင် fic အသစ်ဆက်တင်ပေးဖို့ ကြိုးစားပြင်ဆင်နေပါပြီ🤗

အကောင်းဆုံး မဖြစ်ရင်တောင် စာဖတ်သူတွေရဲ့ ရင်ထဲတစ်နေရာရောက်အောင် ဆက်ကြိုးစားသွားပါ့မယ်။

စာဖတ်သူများအားလုံးကိုကျေးဇူးတင်လျက်

ခွန်းအိမ်(အိမ့်မက်)

2.12.2020

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now