ကံကြမ္မာ၏ တွေ့ဆုံပေးမှု့ (၁)
စိုင်းခွန်းအိမ် noticeboard (ကြေငြာသင်ပုန်း)ရှေ့၌ တစ်ယောက်ထဲ အမှတ်စာရင်းကြည့်နေသည်။ဘေးပတ်ဝန်းကျင်ကိုတော့ သတိထားမိမည်မဟုတ်။အောင်စာရင်း စာရွက်မှာ သူ့နာမည်ရှာနေရင်း
"အကို့....ဟိုလေ အကို ဖောင်တိန်ပါလားဗျ။ပါလို့ အဆင်ပြေရင် ငှားပေးလို့ရလားဗျ နှောင်းမှတ်စရာ ဘာမှမပါလာလို့ဗျ"
ဆိုပြီး အကူအညီတောင်းသည့် အသံကို စိုင်းခွန်းအိမ် ကြားလိုက်ရသည်။စိုင်းခွန်းအိမ် အသံကြားကြားချင်း ဘေးကိုလှည့်ကြည့် သည်။သူ့ပုခုံးသာသာ မြင့်သောအရပ်ရှိပြီး ကလေးတစ်ယောက်လိုဖြူစင်သော မျက်နှာလေးဖြင့် သူ့အား အကူအညီတောင်းနေသော ကောင်လေးတစ်ယောက်ကို သူမြင်လိုက်သည်။သူ့ဆီကနေ ဖောင်တိန်ငှားနေမှန်း သိလိုက်၍ စိုင်းခွန်းအိမ် ဘာမှပြန်မပြောတော့ပဲ သူ့လွယ်အိတ်ထဲက ဖောင်တိန်ကို ခပ်သွက် သွက် နှိုက်ယူပြီး ပေးလိုက်သည်။ရုတ်တ ရက်ဆိုသလို သူ့ဆီ ဖုန်းဝင်လာသည်။
"ဟေ့ရောင်....ငစိုင်း....ငါရောက်နေပြီဟ ကားဂိတ်လာကြိုတော့.."
"အေးအေး...အခုလာပြီ"
စိုင်းခွန်းအိမ်နှင့်အတော်ပင် ရင်းနှီးဆုံးဖြစ်သော သူ့သူငယ်ချင်း မင်းဆွေ ဆီကဖြစ်သည်။ကားဂိတ်ရောက်နေပြီဖြစ်သဖြင့် အမြန်လာကြိုခိုင်းနေသောကြောင့် သူငှားပေးထားသည့် ဖောင်တိန်ကို စောင့်မယူတော့ပဲ ကျောင်းမုဒ်ဦးရှေ့မှ အမြန်ထွက်လာခဲ့သည်။မင်းဆွေ တစ်ယောက် ကားဂိတ်မှာ အကြာကြီးစောင့်နေရမှာစိုး၍လည်း သူ့ဆီကဖောင်တိန် ငှားထားသော ချာတိတ်ကို ဘာမှမပြောတော့ပဲ မြန်မြန်သာ ထွက်လာခဲ့သည်။
ယခု ပြန်လည်စဉ်းစားမိတော့လည်း စိုင်းခွန်းအိမ်တစ်ယောက် ထိုနေ့က မြင်လိုက်ရသည့်
နှစ်လိုဖွယ်ကောင်းသော ထိုချာတိတ်၏ မျက်ဝန်းတစ်စုံကိုတော့ သူ့မျက်လုံးထဲ၌ ကောင်းကောင်းကြီးမှတ်မိနေသည်။⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪
ကံကြမ္မာ၏ တွေ့ဆုံပေးမှု့ (၂ )
တေးသံငြိမ့်ငြိမ့်လေးများ ပျံ့လွှင့်နေသော ကော်ဖီဆိုင်အတွင်း ထောင့်တစ်နေရာ၌ စိုင်းခွန်းအိမ်တစ်ယောက်ထဲ ထိုင်နေသည်။မိုးရွာမည်ကို ခန့်မှန်းမိထားသကဲ့သို့ သူ့ဘေး၌ ထီးတစ်ချောင်း ထောင်ထားသည်။လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ထားလျက် ကော်ဖီတစ်ခွက်နှင့် ငြိမ့်နေသည်။ကော်ဖီသောက်လိုက်၊ စာ အာရုံစိုက်ဖတ်လိုက်ဖြင့် ကော်ဖီဆိုင်၌ တော်တော်ကြာအောင် ထိုင်နေခဲ့သည်။ဆိုင်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ရှင်းလင်းနေသော ကောင်းကင်ကြီးနေရာမှာ မိုးသားမိုးတိမ်များ တလိပ်လိပ်တက်လာနေသည်ကို သူသတိထားမိလိုက်သည်။ထီးဆောင်လာသည်ဖြစ်၍ မိုးရွာမည်ကို စိတ်ပူမည့်ပုံမပေါ်။
![](https://img.wattpad.com/cover/214265856-288-k885532.jpg)
YOU ARE READING
Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)