Zawgyi_Part(10)

349 50 10
                                        


"နှောင်း.....ဒီဘက်မှာလေ...ဒီဘက်မှာ....မိအောင်ဖမ်း.."

နှောင်း မျက်လုံးတစ်စုံကို ပုဝါတစ်ခုဖြင့် ပတ်စည်းထားသည်။ဘေးက နှောင်းကို မိအောင် လိုက်ဖမ်းခိုင်းနေသော အသံတစ်ခု။

"မိတော့မှာနော် ....နှောင်း..အသံကြားတဲ့ဘက်လိုက်....."

နှောင်း အသံကြားသည့်ဘက်ကို ရမ်းသမ်းပြီးလိုက်နေသည်။အသံကြားသည့်ဘက်ကို လိုက်လေ သူကြားသည့် အသံမှာ ဝေးသွားလေဖြစ်နေသည်။တအောင့်ကြာတော့ နှောင်း အသံကြားသည့်နောက်လိုက်သည်ကို ရပ်လိုက်ပြီး အာရုံစိုက်ကာ နားထောင်လိုက်သည်။အသံမှာ တဖြည်းဖြည်း သူနဲ့ဝေးသွားသည်။သူ့နား‌ထဲ လှိုင်းသံ၊လေသံတွေသာ ကြားနေရသည်။

နှောင်း သူ့မျက်လုံးကို ပတ်စည်းထားသော
ပုဝါကို ဖြည်လိုက်သည်။အချိန်အတော်ကြာ ပတ်စည်းထားသည့်အတွက် နှောင်း မျက်လုံးတွေ ဝေဝါးနေသည်။သေချာအာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။မည်သူ တစ်ဦးမျှမရှိ။နှောင်းကို မိအောင်လိုက်ဖမ်းခိုင်းနေသည့် အသံပိုင်ရှင်ကိုလည်း နှောင်းမတွေ့ရ။

နှောင်း အိမ်မက်ထဲရောက်နေပြန်သည်ကို သတိထားမိလိုက်သည်။ပင်လယ်ကမ်းစပ်တစ်လျှောက် နှောင်း တစ်ယောက်တည်း လျှောက်လာသည်။ကမ်းစပ်တစ်ခုလုံး နှောင်းကလွဲပြီး မည်သူမှ မရှိ။နှောင်း လမ်းလျှောက်လာရင်း အရှေ့နားက ကျောက်ဆောင်ပေါ်၌ တစ်ခုခုရှိနေသည်ကို သတိထားမိလိုက်သည်။နှောင်း ဖြည်းဖြည်းချင်း ကျောက်ဆောင်ဆီ ဦးတည်ပြီး လျှောက်လာနေသည်။

"ဟင် ......ကိုစိုင်းပေးထားတဲ့ အရုပ်။ဒီအရုပ်က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာပါလိမ့်..."

ကျောက်ဆောင်ပေါ်၌ စိုင်းခွန်းအိမ် ပေးထားသည့် ၀က်ဝံရုပ်လေးကို အမှတ်မထင် တွေ့လိုက်ရသည့် နှောင်းဆီက ထွက်လာသည့် စကားသံ ဖြစ်သည်။ဝက်ဝံရုပ်လေးကို ကောက်ကိုင်လိုက်‌တော့ မနေ့ညက စိုင်းခွန်းအိမ်ပြောသည့် စကား နှောင်းနားထဲ ပြန်ကြားနေမိသည်။

"အဲ့အရုပ်ကိုမြင်လို့ နှောင်း အတွက် ပျော်ရွှင်မှု့ ၊အမှတ်တရတွေ မပေးနိုင်‌တော့တဲ့အခါ နှောင်း မသိမ်းထားချင်တော့မှ အကို့ကိုပြန်ပေးပေါ့"

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now