Untitled Love Part(5)

1.9K 184 4
                                    

Unicode

နေမင်း၏အလင်းရောင်မှာ တောက်ပမနေပဲဖျော့တော့တော့နှင့် ‌သာသာယာယာပင်။တက်လာလိုက် ပြန်ကျသွားလိုက်ဖြင့် လှိုင်းလုံးလေးများ ‌သောင်ပြင်ကမ်းစပ်ကို ရိုက်ခတ်နေသည်။နှောင်းညို နား၌ ပင်လယ်ရေပြင်ကို ဖြတ်ကျော် တိုက်ခတ်လာသော လေ သံများ၊ပင်လယ်ရေလှိုင်းသံများ ကြားနေရသည်။ပင်လယ် လေအေးများကြောင့် နှောင်းညို အေးနေသည်ကို ခံစားမိသည်။

ပင်လယ်ပြင်ကြီးကို မျက်နှာလွှဲ၍ ဘေးဘက်သောင်ပြင်ကို ကြည့်လိုက်သည်။ဖြူဖွေးနေသော သဲသောင်ပြင်ပေါ်တွင် ကောင်လေးတစ်ယောက် အနှောင်အဖွဲ့ မဲ့ ပျော်ရွှင်စွာ သဲအိမ်ကလေးဆောက်နေသည်။ဖြူဖွေး‌နေသော လက်တစ်စုံဖြင့် သဲအိမ်လေးကို စိတ်ပါလက်ပါဆောက်နေသည်။နှောင်းညို သူနဲ့သိပ်မဝေးသောနေရာမှ ကြည့်နေရင်း သူ့လက်ကောက်၀တ်၌ အနီရောင် လက်ကိုင်ပုဝါလေးကို ပတ်စည်းထားသည်ကို သတိထားမိလိုက်သည်။ထိုလက်ကိုင်ပုဝါ‌လေးမှာ နှောင်းညိုကို ပေးသွားသော ထိုလူ၏ လက်ကိုင်ပုဝါလေးပင်။

နှောင်းညို ချက်ချင်းဆိုသလို သဲအိမ်ကလေးဆောက်နေသော ကောင်လေး၏မျက်နာကို လှမ်းကြည့်လိုက်သည်။ရင်ထဲဗြောင်းဆန် သွားသည်။နှောင်းညို ‌စိတ်တွေ ရှုပ်ထွေးနေသော အပ်ချည်လုံးလိုပင် ရှုပ်ယှက်ခက် သွားသည်။နှောင်းညို မိမိမျက်လုံးကိုပင် မိမိမယုံကြည်နိုင်။မြင်လိုက်ရသည့် ကောင်လေးမှာ နှောင်းညိုပင်ဖြစ် နေသည်။နှောင်းညိုခေါင်းတစ်ခုလုံးပင် ပူထူသွားသည်။

"ဘာတွေလဲ ..ငါ အိမ်မက်ထဲရောက် နေပြန်ပြီလား။ဘာလို့ ငါ့ကိုယ်ငါ ပြန်မြင်နေရတာလဲ။
ငါဘာတွေ ဖြစ်နေတာလဲ"

နှောင်းညို မျက်စိရှေ့၌မြင်နေရသော နှောင်း ကို ကြည့်နေရင်း ပြော‌နေမိသည်။သူက နှောင်းကို မမြင်။ပျော်ရွှင်စွာဖြင့် သဲအိမ်ကလေးဆောက်နေသည်။ပင်လယ် လေအေးများပင် တိုက်ခတ်နေသော်လည်း နှောင်းညို မချမ်းနိုင်တော့။ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများပျံလာပြီး မွန်းကြပ်လာသည်။နှောင်းညို မျက်လုံးနှစ်ဖက်ကို အတင်းအကျပ် မှိတ်လိုက်ပြီး အားယူကာ ပြန်ဖွင့်လိုက်သည်။တစ်ကိုယ်လုံး တုန်သွားပြီး အိပ်ရာမှ လန့်နိုးလာသည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now