Zawgyi_Part(16)

341 48 30
                                    

ဆောင်းရာသီအကူးကာလဖြစ်၍ တောင် ပေါ်ဒေသဖြစ်သော တောင်ကြီးမြို့လေးမှာ နှင်းမြူခိုးများ မှိုင်းဝေနေလျက်။တိုက်ခတ်နေသော လေညှင်းများကလည်း အေးစက်မှု့ကို နှိုးဆွပေးနေသည်။

ပုံမှန် ခုနှစ်နာရီကျော်လောက်ထနေကြဖြစ်သော်လည်း ယနေ့တော့ စိုင်းခွန်းအိမ် အာရုံ
မတက်ခင် စောစောထဖြစ်သည်။အေးစက်လာစဖြစ်သော ရာသီဥတုကြောင့် စိုင်းခွန်းအိမ် သူ့အ၀တ်ဗီရိုထဲမှအပေါ်ဝတ် အမဲရောင် ကုတ်အရှည်ကို ယူဝတ်လိုက်သည်။

ကျောင်းကနေ အိမ်ပြန်ရောက်ကတည်းက အိမ်မှာပဲ အနေများခဲ့သည်။တပတ်မှာ တစ်ခါလောက်သာ သူငယ်ချင်းများနှင့် night outထွက်ဖြစ်သည်။ယခုလည်း သူ့အား ကလောမြို့ဘက်သွားစရာရှိသည့်အတွက် လိုက်ပို့ပေးဖို့တောင်းဆိုလာသော သူငယ်ချင်းဖြစ်သူ လရိပ်မွန်၏တောင်းဆိုမှု့ကြောင့်သာ စောစောထ၍ လရိပ်ဆီသို့ ကားမောင်းပြီး ထွက်လာခဲ့သည်။

➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️

အရမ်းကြီးချမ်းမနေပဲ အေးစိမ့်စိမ့်နှင့် နေလို့ကောင်းသော တောင်ကြီး မနက်ခင်းအရသာ ကို နှောင်းညို တစ်ယောက် အရသာခံနေသည်။အမဲရောင် ကုတ်လက်ရှည်‌၀တ်ဆင်ထားပြီး မာဖလာအနီရောင်လေးကို လည်ပင်း၌ ပတ်ထားကာ ထွန်းနောင်၏ အိမ်ဝန်းရံတာ၌ မနက်ခင်းလတ်ဆက်မှု့ကို အပြည့်အ၀ခံစားနေသည်။

မနေ့က တောင်ကြီးမြို့သို့ မမှောင်ခင်ရောက်‌သဖြင့် ခရီးသိပ်မပင်ပန်း။ထွန်းနောင် အစီအစဉ်ဖြစ်သည့် ပထမဦးဆုံး ကလောမြို့ကို လျှောက်လည်မည်ဖြစ်၍ ယခုလို မနက်စောစောထကာ ပြင်ဆင်ထားရခြင်းဖြစ်သည်။

"နှောင်း အရမ်းအေးနေလား..."

ထွန်းနောင် အခန်းထဲမှ ပြင်ဆင်ပြီး ထွက်လာကာ နှောင်းညိုကို မေးနေသည်။

"သိပ်မအေးဘူး ထွန်းနောင် နေလို့ကောင်းတယ်၊ရာသီဥတု အပြောင်းအလဲကြောင့် အအေးပက်မှာမို့လို့ နည်းနည်းထူတဲ့အနွေးထည်ဝတ်ထားရတာ..."

"အဲ့ဆို အောက်ထပ်ဆင်းရအောင် နှောင်း၊အမမွန်တို့ လာခေါ်မှာ...."

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now