Zawgyi_Part(11)

308 48 2
                                        




ပင့်ကူလေးများသည် ပင့်ကူမျှင်များကို တစ်မျှင်ချင်း ထုတ်လွှတ်ယှက်လိမ်ကာ ခိုင်မာ သော ပင့်ကူအိမ်တစ်ခုဖြစ်အောင် တည် ဆောက်ကြရသည်။သံယောဇဉ်ဆိုသည်မှာလည်း ထိုပင့်ကူမျှင်များကဲ့သို့ပင်။အတူသွား၊အတူစား၊အတူဆုံစည်းကျဖြင့် သံယောဇဉ်များ တစ်စ တစ်စတိုးပွားလာကာ ခိုင်မာသောသံယောဇဉ်တစ်ခု ဖြစ်လာနိုင်သည်မဟုတ်ပါလား။



နှောင်းညိုနှင့် စိုင်းခွန်းအိမ်တို့ ရင်းနှီးဖြစ်ခဲ့
ကြသည်မှာ သုံးလဟူသည့် ကာလတစ်ခုကိုရောက်လာလေပြီ။သုံးလအတောအတွင်း ရိပ်သာအတူသွား လုပ်အားပေးကြ၊သူငယ်ချင်းများနှင့် အုပ်စုလိုက် ရုပ်ရှင်သွားကြည့်ကြ၊အအေးဆိုင်ထိုင်ကြနှင့် ခင်မင်ရင်းနှီးမှု့တို့ ပိုတိုးလာခဲ့ကြသည်။

အဆောင်တူသောဖြစ်သော စိုင်းခွန်းအိမ်နှင့် နှောင်းညိုမှာ ပိုမို ရင်းနှီးဖြစ်ခဲ့ကြသည်။အနေအေးလှသည့် စိုင်းခွန်းအိမ်ပင် နှောင်းညိုနဲ့ ဆုံတွေ့စကားပြောသည့်အခါတိုင်း စကားများများပြောသလို၊နှောင်းညို ပျော်အောင် ဟာသများလည်း ပြောတတ်နေပြီ။စိုင်းခွန်းအိမ်ထံမှ ရုပ်တည်ကြီးနဲ့ ဟာသပြောစကားကြားလျှင် မျက်စိပေါက်ပျောက်အောင် ရယ်တတ်သည့် နှောင်းညိုပျော်ရွှင်မှု့ကို စိုင်းခွန်းအိမ် နှစ်ခြိုက်နေတတ်ပြီ။တစ်ခါတလေ ကလေးလေးတစ်ယောက်လို ဆိုးတတ်သော်လည်း သည်းခံပြီး ချော့ပြောအလိုလိုက်ပေးတတ်နေပြီ။




ကျောင်းတက်ခဲ့သည့်ရက်မှာ သုံးလရှိပြီဖြစ်၍ သင်ရမည့် အခန်းများ ပြီးပြတ်တော့မည်လည်းဖြစ်သည်။မကြာမီ ပထမနှစ် အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲ(Mid-term final exam/Second sem exam)ဖြေဆိုတော့မည်ဖြစ်သောကြောင့် စာသင်ချိန်များနား၍ ကိုယ်ပိုင်စာကြည့်ချိန်ပေးတော့မည့်ရက် ရောက်တော့မည်ဖြစ်သည်။ကျောင်းမတက်ရတော့ပဲ ‌အဆောင်မှာပဲ စာလုပ်ရတော့မည်ဆိုတော့ နှောင်းညို ပျော်နေသည်။စာမသိလျှင် ရှင်းပြပေးမည့် စိုင်းခွန်းအိမ် တစ်ယောက်လုံးရှိသောကြောင့်ပင်။



သို့သော် အရင်ရက်များတုန်းကသာ နည်းနည်းမသိလျှင် သေချာမစဉ်းစားတော့ပဲ စိုင်းခွန်းအိမ်ဆီ အပြေးသွားမေးတတ်သော်လည်း ယခုအချိန်မှာ စိုင်းခွန်းအိမ်လည်း သူ့စာမေးပွဲအတွက်ပြင်ဆင်ရအုန်းမည်ဖြစ်၍ တကယ်မသိမရှင်းသည်မှ မေးမည်ဟု နှောင်းညို ဆုံးဖြတ်ထားဖြစ်သည်။



Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now