Zawgyi_Part(3)

561 74 2
                                    

Zawgyi



နူးညံ့တဲ့ လေသံလေးများနှင့်အတူ လွင့်မျောလာသော ရယ်သံတစ်ခု နှောင်းညို နားမှာ ကြားလိုက်ရသည်။သူရိန်နေမင်းကြီးက ကျယ်ပြန့်တဲ့ ပင်လယ်ကြီးပေါ်မှေးတင်နေလျက်။ပင်လယ်ကမ်းစပ်နားမှာ စိတ်လွတ်ကိုယ်လွတ် ပျော်မြူး ပြေးလွှားနေသော လူနှစ်ယောက်။

"ရယ်သံ...ဟုတ်တယ် ပျော်ရွှင်ပြီး ရယ်နေတဲ့ အသံတွေ သူတို့နှစ်ယောက်စီကပဲ လာတာ
ဖြစ်မယ်"

ဆိုပြီး နှောင်းညိုစိတ်ထဲတွေးနေသည်။ရယ်သံတွေရယ်၊နေမ၀င်ခင် ‌သဘာဝတရားကြီးက ဆေးရောင်ခြယ်‌ပေးထားသော ကောင်းကင်ကြီးနဲ့ တရိပ်ရိပ် တတွန့်တွန့် လှုပ်ရှားနေသော ပင်လယ်ရေလှိုင်းတွေ ရယ်၊ပြီးတော့ ‌ပျော်ရွှင်ကြည်နူးနေကြတဲ့ သူတို့နှစ်ယောက်ရယ် နှောင်းညို မျက်လုံးထဲ မပြတ်မသား ဝိုးတို့ဝါးတား မြင်ရကြားရသည်။

"ငါ ဘယ်ရောက်နေတာလဲ... ဘာတွေ မြင်နေရတာလဲ. သူတို့ကရော ဘယ်သူ‌တွေ လဲ...."

ဆိုပြီး နှောင်းညို ကိုယ့်ဘာသာကို ပြန်မေးမိသည်။နှောင်းညို ဘေးဘက်ပတ်ဝန်းကျင်ကို ကြည့်ရင်း သူတို့ရှိတဲ့ ဘက်ကို ဦးတည်လျှောက်လာသည်။တအောင့်ကြာတော့ ပုံရိပ်များ မကြည်မလင်ဖြစ်လာ၍ နှောင်းညို မျက်လုံးကို တစ်ချက်နှစ်ချက် ပွတ်လိုက်သည်။မျက်စိကြည်လင်သွားစပြုမှ မျက်စိရှေ့ပတ်ဝန်းကျင်ကို အာရုံစူးစိုက် ကြည့်သည်။မည်သူတစ်ဦးမျှမရှိ။နှောင်းညို
နဲ့အတူရှိနေသည်က ပင်လယ်ပြင်ကြီး၊ကြားနေရသည်က ရေလှိုင်းလှုပ်ခက်သံ။

"ငါ....ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာပါလိမ့်... ခုနကမြင်လိုက်ရတဲ့ ဟို လူနှစ်ယောက်ကရော ဘယ်ရောက် သွားတာလဲ"

နှောင်းညို ထိတ်လန့်တကြီး စိတ်လှုပ်ရှားနေချိန် တစ်စုံတစ်ခုကို ခံစားမိလိုက်၍ နှောင်းညို သူ့ညာဖက်လက်ကို မြှောက်ကြည့် သည်။

"ဟာ...ဘယ်လိုဖြစ်လို့ ဒီဖောင်တိန်က ငါ့လက်ထဲ ရောက်နေတာလဲဟ....ဘာတွေလဲ"

နှောင်းညို  စိတ်များရှုပ်‌ထွေးသွားသည်။အသက်ရှူသံ ၊နှလုံးခုန်သံများ မြန်လာပြီး ‌
နှောင်းညို နားထဲ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now