Zawgyi_Part(12)

293 45 18
                                    

ခန့်နောင်နှင့် စိုင်းသူရတို့ နှစ်ယောက်စလုံး ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့ကြသည်။ဝါသနာပါသည်ဟူ၍လည်း တစ်ခါမျှ မကြားဖူးသော သွားဆေးလိုင်းကို ဦးစားပေးလျှောက်ခဲ့ကြပြီး
နှစ်ယောက်စလုံး ၀င်ခွင့်ရခဲ့သည်။ထိုအချိန် ထွန်းနောင်ကတော့ ဆယ်တန်းတက်နေပြီဖြစ်သည်။တစ်နေ့ နယ်ကအမျိုး သာရေးကိစ္စရှိ၍ ဆယ်တန်းကျောင်းသားဖြစ်သည့် ထွန်းနောင်ကို အိမ်မှာ ထားခဲ့ပြီး တစ်မိသားစုလုံးသွားကြသည်။စိုင်းသူရက ထွန်းနောင်နှင့် အတူ အိမ်မှာလာအိပ်၊စောင့်ကြည့်ပေးမည်ဖြစ်၍ စိတ်ချစွာထားခဲ့ခြင်းပင်။

ပထမနေ့တော့ စိုင်းသူရ ဘယ်မှမသွား။ထွန်းနောင်ကို ကျူရှင်ပို့၊သွားကြို အိမ်မှာပဲနေသည်။ဒုတိယနေ့ရောက်တော့ စိုင်းသူရ ချစ်သူ ဆုသဇင်၏မွေးနေ့ ဖြစ်၍ သူ့အတွက်အချိန်ပေးရမည်ဟု ရစ်သောကြောင့် ထွန်းနောင်ကို ခွင့်တောင်းကာ အပြင်ထွက်ခဲ့သည်။စိုင်းသူရတစ်ယောက် အရစ်သန်သော သူ့ချစ်သူကြောင့်သာ ထွန်းနောင်ကို အိမ်မှာ တစ်ယောက်ထဲ ထားခဲ့ရ၍ စိတ်မချဖြစ်နေသည်။

လူကသာ ဆုသဇင်ရှေ့ရောက်နေသော်လည်း နာရီတကြည့်ကြည့်ဖြင့် ထွန်းနောင် ကျူရှင်သွားချိန်၊ပြန်ချိန်ကို စိတ်ရောက်နေသည်။ညနေပိုင်းရောက်တော့ လေကြီးမိုးကြီး ကျသည်။အိမ်မှာ တစ်ယောက်ထဲ ဖြစ်နေသော ထွန်းနောင်ကို စိတ်မချတော့ပဲ ဆုသဇင်အား သူ့အိမ်အမြန်ပြန်ပို့ပြီး ထွန်းနောင်ဆီကို မိုးရေထဲအမြန်ပြန်သွားသည်။

မိုးကသည်း၊မီးကပျက် ထွန်းနောင်တစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိ။ငယ်ကတည်း က မိုးရွာလျှင် ကြောက်စိတ်ရှိ၍ ယခု တစ်ယောက်ထဲရှိနေသောကြောင့် ထွန်းနောင် ပို၍ကြောက်စိတ်ဝင်နေသည်။ချစ်သူကို အချိန်ပေးနေရသော စိုင်းသူရ ပြန်အလာကို မမျှော်တော့ပဲ အမှောင်ထဲမှာပဲ ကြောက်ရွံလျက်ထိုင်နေသည်။

လေကြမ်းလာ၍ သေချာပိတ်မထားသော  တံခါးအား ထွန်းနောင် ကြောက်ကြောက်ဖြင့် ထပိတ်သည်။ထိုအချိန် ကောင်းကင်မှ ၀င်းခနဲလျှပ်စီးကြောင်းလက်လာပြီးနောက် ကျယ်လောင်သော၏ မိုးချုန်းသံကြီးပါကပ် ပါလာသည်။မိုးချုန်းသံကို ကြားလိုက်သော ထွန်းနောင် သူ့နားနှစ်ဖက်ကို အုပ်ပြီး ထိုင်ချလိုက်သည်။ကြောက်ရွံနေ၍ အေးနေသည့် မိမိ၏လက်တစ်စုံကို  မိုးရေစို၍ အေးနေသော လက်တစ်စုံက လာကိုင်လိုက်သည်ကို ထွန်းနောင် သတိထားမိလိုက်သည်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now