Zawgyi_Part(18)

485 49 14
                                        


မကြာခင်ပျောက်ကွယ်သွားတော့မည့် နေမင်းကြီးက နောက်ဆုံးအချိန်ထိ
လောကကြီးကို အလှဆင်ပေးနေသည်။စိမ်းစိုနေသော တောင်တန်းရှု့ခင်းများက တွေ့မြင်ရသူများအဖို့ မျက်စိပဒေဿဖြစ်စေသည်။ကလောမြို့ကိုသွားရင် မသွားမဖြစ် နေရာဖြစ်သော Kalaw viewpoint ၌
စိုင်းခွန်းအိမ်တို့ ရောက်နေကြပြီ။

အကြိမ်ကြိမ်ရောက်ဖူးထားသော စိုင်းခွန်းအိမ် အတွက်တော့ မျက်စိရှေ့မြင်တွေ့နေရသော ရှု့ခင်းများက သူ့ကို ရင်ခုန်အောင် လုပ်နိုင်စွမ်းမရှိတော့။သူ့ကို ရှု့ခင်းများထက် စိတ်အေးချမ်းအောင်၊ရင်ခုန်အောင် လုပ်နိုင်စွမ်းရှိသူကတော့ နှောင်း။လှပသည့် View point ရှု့ခင်းများကို ကျေနပ်ပျော်ရွှင်စွာ ခံစားနေသည့် နှောင်း။

နှောင်းရဲ့ ချစ်စရာကောင်းသည့်အပြုံးများက ဖြတ်သန်းတိုက်ခတ်နေသော လေအေးများကိုခုခံကာ သူ့ရင်ခွင်ကို နွေးထွေးမှု့ ပေးနိုင်သည့် အစွမ်းဓာတ်ရှိနေသည်။ဖြူစင်လွန်းသည့် နှောင်းရဲ့အပြုံးများကို သူမြတ်နိုးသည်။နှောင်းရဲ့အပြုံးများက
အရာဝတ္ထုတစ်ခုသာဆိုလျှင် အပိုင်ယူပြီး သိမ်းထားချင်စိတ် ဖြစ်ပေါ်မိသည်။

ယခုလည်း ခွင့်ပြုချက်မယူပဲ နှောင်းရဲ့အပြုံးကို သူ့ဖုန်းနဲ့ခိုးရိုက်ထားလိုက်ပြီး သိမ်းထားလိုက်သည်။

နွေး၊လရိပ်၊ထွန်းနောင်တို့ သုံးယောက်သားကတော့ အပြန်အလှန်ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေကြသည်။နေမ၀င်ခင် ရှု့ခင်းနဲ့ ဓာတ်ပုံအမိအရ ရိုက်ဖို့က အရေးကြီး‌သည်။

"ဟဲ့ ထွန်းနောင် နောက်က နေလုံးရောပါလား.."

"ပါ,ပါတယ် အမမွန်ကလည်း..."

"ဟဲ့ တောင်တန်းတွေရော ပေါ်အောင်ရိုက်ပေးနော်..."

"အကုန်ပေါ်ပါတယ်ဆို စကားမများနဲ့တော့ ရိုက်ပြီ တစ် နှစ် သုံး....."

ကင်မရာမန်း ထွန်းနောင်နဲ့ မင်းသမီး လရိပ်မွန်တို့ အပြန်အလှန်ဓာတ်ပုံရိုက်ရင်း ဆူညံနေကြသည်။သူတို့ဖြစ်ပျက်နေပုံကို ကြည့်ပြီး နှောင်း တစ်ယောက် ပြုံးရယ်နေသည်။‌ဘေးက စိုင်းခွန်းအိမ်ကတော့ နှောင်းကို ကြည့်လျက်ပင်။

Untitled Love(ခေါင်းစဉ်မဲ့သော အချစ်)Where stories live. Discover now