အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 7
.
.
.
.
.ရှောင်းကျန့်ကို မုန်းတယ်လို့ပြောပြီး ပခုံးကို တွန်းတိုက်ကာ ထွက်သွားတဲ့ ဝမ်ရိပေါ် ။ ရှောင်းကျန့်ကတော့ မဲ့ပြုံးလေးနဲ့တာ နေရာမှာ ရပ်ပြီး ကျန်ရစ်ခဲ့တယ် ။
မင်းက ငါ့ကို မုန်းတယ်ပြောရအောင် ငါကကော မင်းကိုချစ်တယ်လို့ ပြောခဲ့မိလို့လား....။
🌻🌻🌻🌻🌻
ဝမ်ရိပေါ် ထမင်းစားခန်းထဲရောက်လာတော့ ထမင်းဝိုင်းမှာ ထိုင်နေတဲ့ ဝမ်ပါး ။ ရှောင်းမေကတော့ ထုံးစံအတိုင်း အိမ်အကူတွေ ချက်ပြုတ်ထားပေးတဲ့ မနက်စာကို အပေါ်ယံ နှမ်းဖြူးပြီး ဝမ်ပါးအတွက် ပြင်ဆင်ပေးနေတယ် ။
" သား ရိပေါ် နိုးလာပြီလား "
" ဟုတ်ကဲ့ ပါပါး "
" ခေါင်းကော ကိုက်နေသေးလား သားရယ် အရက်သောက်လို့ မရပါဘူးဆို ဘာလို့ သောက်ရတာလဲ ။ တော်ပါသေးရဲ့ သားရှောင်းက သားဘေးမှာ ရှိနေပေးလို့ "
ဝမ်ပါး စကားကြောင့် မျက်နှာလေး မဲ့သွားတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ဆိုတဲ့ နာမည်ကြားတာနဲ့ လက်သီးကို တင်းနေအောင် ဆုတ်ထားမိတယ် ။
" ညက သားက အရက်သောက်ပြီး အဲ့ဝိုင်းမှာပဲ ခေါင်းထိုးအိပ်သွားလို့ သားကို သားရှောင်းက ပွေ့ခေါ်လာရတယ် သားရဲ့ "
ဝမ်ရိပေါ် မျက်ဝန်းလေးမှ ထင်ပေါ်လာတဲ့ အံ့သြရိပ်လေးတွေ...။
" အိမ်ရောက်တာတောင် သားက မနိုးလို့ သားရှောင်း ကိုယ်တိုင်း သားအခန်းထဲ ပွေ့ချီပြီး အဝတ်အစားလဲပေးထားတာ ။ ဒါကြောင့် သား ၊ သားရှောင်းကို ကျေးဇူးတင်သင့်ပါတယ်နော် "
ဝမ်ရိပေါ် မျက်နှာလေး မဲ့ကျသွားတယ် ။
ညက ကို ရှောင်းကျန်ကပဲ အရက်ဝိုင်းမှာ အရက် အတင်းသောက်စေခဲ့တာ မဟုတ်သလို ။
ပြီးတော့ ရှောင်းကျန့်က ဝမ်ပါးနဲ့ လူကြီးတွေရှေ့မှာ အမှတ်ကောင်းယူတယ် ။
အဲ့လိုဆိုတော့ ရိပေါ်က လူဆိုးကြီး ဖြစ်မသွားရဘူးလား ။
" မား ပါး မင်္ဂလာပါ "