Chapter - 18

5.2K 532 18
                                    


Chapter - 18
.
.
.
.
.
" ဘယ်တုန်းကတည်းကလည်း "

" ပါပါး "!!

" ကျွန်တော်တို့ နည်းနည်းကြာပါပြီ ပါပါး "

ဝမ်ပါးရဲ့ မေးခွန်းအဆုံး ပြိုင်တူ ထွက်လာတဲ့ အသံနှစ်သံ ။ အလန့်တကြား အော်လိုက်သံက ဝမ်ရိပေါ်အသံ ဆိုရင် အေးဆေးစွာ ဝန်ခံလာတဲ့ အသံလေးက ရှောင်းကျန့် အသံဆိုတာ အထူးပြောပြစရာ မလိုခဲ့ပါဘူး ။

လူရှေ့မရှောင် သူရှေ့မရှောင် အနမ်းခန်း ဖွင့်နေတဲ့ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်အကြောင်းက ဝမ်ကုမ္ပဏီထဲမှာသာမက ခရီးထွက်နေတဲ့ ဝမ်ပါပါး နောက်ပါးအထိပါ ပေါက်ကြားသွားတာကြောင့် ခရီးက အမြန်ပြန်လာတဲ့ ဝမ်ပါပါးက ခရီး ရောက်မစိုက် ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ကို ခေါ်မေးရပြန်တယ် ။

မျက်လုံးပြူးလေးနဲ့ ဝမ်ရိပေါ် အသံရယ် အေးဆေးစွာ ထွက်လာတဲ့ ရှောင်းကျန့်အသံရယ် ။ ဝမ်ပါပါး သူ့ရှေ့မှာ ထိုင်နေတဲ့ လူသားနှစ်ယောက်ကို စိုက်ကြည့်နေမိတယ် ။

ထင်မထားမိဘူး ။ မှားယွင်းတဲ့ သံယောဇဉ်တွေ ဖြစ်လာမယ်ဆိုတာ ။ မွေးထားတာလည်း သားတစ်ယောက်မလို့ နောက်မိန်းမနဲ့ အတူပါလာတဲ့ မယားပါသားကလည်း မိန်းမ ပတ်လည်ရှုပ်နေတာမလို့ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ တွေးတောင်မထားကြည့်ခဲ့ပေမယ့် အခု မျက်စိရှေ့မှာ မြင်နေရတဲ့ ယောကျာ်းသား နှစ်ယောက်ရဲ့ အခြေအနေ ။

ကုမ္ပဏီ ရုံးခန်းထဲမှာ နမ်းနေကြတာတဲ့ ။ သားအရင်းနဲ့ မယားပါသား ။ ညီအကိုလို့ ခေါင်းစဉ်တပ်ထားပေမယ့် သွေးသား မတော်ဆက်တဲ့ အခြေအနေ ။ ပြီးတော့ လူသိရှင်ကြား လူမြင်ကွင်းမှာ မဖြစ်သင့်တဲ့ အရာက ဖြစ်သွားခဲ့ပြီ ။

" ရိပေါ် "

" ဗျာ ပါပါး "

" ပါပါး သဘောတူပေးမယ် "

" မဟုတ်ဖူး ပါပါး ။ ပါပါး အထင်လွဲနေတာ ။ သူနဲ့ ကျွန်တော်က တစ်ကယ် ဘာမှ မဟုတ်ဖူး ။ ပြီးတော့ သားက ယောကျာ်းချင်း စိတ်မဝင်စားဘူး ။ သား မယူဘူးနော် ။ သား သူ့ကို မယူနိုင်ဘူး ။ ရှောင်းကျန့် ခင်ဗျား ရှင်းလေ ။ ခင်ဗျားနဲ့ ကျွန်တော်က ဘာမှ မဟုတ်ဖူးဆိုတာ ။ ရှောင်းကျန့် ခင်ဗျား ပါးစပ်ပိတ်မနေနဲ့ ။ ခင်ဗျားရှင်း ။ ခင်ဗျား ရှုပ်ထားတာ ခင်ဗျား ရှင်း "

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now