Chapter - 25 ( Final )

8.3K 564 26
                                    


Chapter - 25 ( Final )
.
.
.
.
.
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ ဝမ်ပါပါး ၊ ရှောင်းမာမား ၊ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ။ ဝမ်ရိပေါ်က ခေါင်းလေးငုံ့ပြီးထိုင်နေသလို ရှောင်းကျန့်လည်း ဝမ်ရိပေါ်နည်းတူ ။ ဝမ်ပါးနဲ့ ရှောင်းမေကတော့ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ကို မျက်တောင်မခက် ငေးလို့ကြည့်လို့ ။

" ဝမ်ရိပေါ် သား စဉ်းစားပါ "

" မဖြစ်နိုင်ပါဘူး ဝမ်ပါပါး "

ဝမ်ပါးရဲ့စကားကို အကြောက်အကန်ငြင်းတဲ့ ဝမ်ရိပေါ်ကြောင့် ဝမ်ပါပါးက ခေါင်းလေးခါတယ် ။

" သား ရိပေါ် "

" ဟင့်အင့် ပါပါး "

" အဲ့ဒါဆို ပါပါးတို့ မရှိတော့ရင် "

" ဟင့်အင့် ပါပါး ၊ ပါပါးတို့က သားတို့နဲ့ တစ်သက်လုံး အတူနေသွားရမှာ "

ဝမ်ရိပေါ် စကားကြောင့် သက်ပျင်းလေးကိုယ်စီချလိုက်မိကြတယ် ။ ပြောရခက်လိုက်တာ ဝမ်ရိပေါ်လေးရယ် ။ အိမ်ထောင်သက် ကြာလာသည်နှင့်အမျှ မိသားစုဆိုတာ လိုအပ်လာသည်မဟုတ်လား ။ ဒါကြောင့် သားသမီးမွေးစားဖို့ တိုင်ပင်တိုင်း ခေါင်းခါတဲ့ဝမ်ရိပေါ်ဟာ အခုအချိန်တွေအထိ ခေါင်းငြိမ့်ဖို့ မစဉ်းစားခဲ့ ။ ကိုယ်တိုင် မွေးယူလို့မရနိုင်တဲ့ ယောကျာ်းသားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးအတွက် သားသမီးဆိုတာ မွေးစားမှ ရမည်မဟုတ်ပါလား ။ ဒါကြောင့် မျိုးရိုးသန့်တဲ့အထဲက ကလေးငယ်လေးတစ်ယောက်ကိုတွေ့တိုင်း မွေးစားဖို့ ပြောပေမယ့် ခေါင်းခါနေတဲ့ ဝမ်ရိပေါ်ကြောင့် တစ်အိမ်သားလုံး စိတ်မကောင်းဖြစ်နေကြရတယ် ။

သား ရိပေါ်လေးရယ်....။

စိတ်မကောင်းဖြစ်သွားတဲ့ ရှောင်းကျန့်ကတော့ ထိုင်ရာမှထကာ အခန်းရှိရာဘက် ဦးတည်သွားခဲ့ ဧည့်ခန်းမှာ ကျန်နေခဲ့ကြတဲ့ ဝမ်ပါး ရှောင်းမေနဲ့ ဝမ်ရိပေါ် ။

" သား ဝမ်ရိပေါ် "

" မခေါ်နဲ့ "

ရှောင်းမေရဲ့ ခေါ်သံတိုးတိုးကို ခေါင်းခါတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းမေမှာ မျက်ရည်အဝဲသားနဲ့။ သူမ မှားခဲ့တယ်ဆိုပေမယ့် သူမ ဝမ်မာမားကို တစ်ကယ် သတ်ခဲ့တာ မဟုတ်ပါဘူး ။ အဲ့ဒီနေ့ ဝမ်မား မသေဆုံးခင်နေ့က ဝမ်မားနဲ့ ရှောင်းမေ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ် ။ ဝမ်မားဟာ ဝမ်ပါပါးရဲ့ ဒုက္ခတွေ ဘယ်လောက်အထိ ခံခဲ့ကြပါကြောင်း သားလေး ဝမ်ရိပေါ်ရမှ ဝမ်ပါးဟာ ခြေငြိမ်သွားကြောင်း အခု ရှောင်းမေကြောင့် ဝမ်ပါးဟာ ခြေလှမ်းတွေ ပြန်ပျက်လာကြောင်း ၊ ဒါပေမယ့် သူမထိန်းတော့မှာ မဟုတ်နိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် သူမဟာ လူ့လောကက ထွက်ခွာရတော့မှာ ဖြစ်တာကြောင့် သားလေးနဲ့ ဝမ်ပါးကို စိတ်ချမ်းသာအောင်ထားပေးဖို့ ရှောင်းမေကို ခေါ်ပြောပြခဲ့ခြင်း ဖြစ်ပါတယ် ။ ပြီးမှ သူမထွက်လာပြီး ခဏအတွင်းမှာ ဝမ်မားဟာ တစ်ခြားဘဝ ပြောင်းလဲခြင်းသို့......။ ဒါကို စကားက ဘယ်လိုကျယ်သွားသည်မသိ ဝမ်ရိပေါ်လေးနားထဲ ပြန်သွားပြောတဲ့လူက ဝမ်မာမားသေတာ ရှောင်းမေကြောင့်လို့ အတိအကျ ပြန်သွားပြောခဲ့သည်တဲ့ ။ သူမရှင်းပြဖို့ကြိုးစားပေမယ့် သူမနာမည်ကိုပင် အပြောမခံတဲ့ ဝမ်ရိပေါ်လေးဟာ သူမကို ရှိတယ်လို့ပင် ထင်မထားခဲ့ပေ ။ အခုချိန်အထိ ဝမ်ရိပေါ်နဲ့ ရှောင်းမေဟာ စကား မပြောဖူးခဲ့ ။ အခု ဒီစကားဟာ ရှောင်းမေအတွက် ဝမ်ရိပေါ်ကိုပြောမယ့် ပထမ စကားလေး ။ ဒါပေမယ့် ဝမ်ရိပေါ်လေးက ခါးခါးသီးသီးပင်...။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now