အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 22
.
.
.
.
.
နူးညံ့မှုနောက်မှာ ပါလာတက်တဲ့ ကြမ်းတမ်းခြင်း ။ နွေးတွေခြင်းနောက်မှာ ပါလာတက်တဲ့ စိမ်းကာခြင်းတွေ ။ အခုလည်း ဖြူစင်တဲ့ အနမ်းတွေနောက်မှာ ပါလာတဲ့ ညစ်ညမ်းခြင်းတွေ ။ ပြင်းရှရှအနမ်းတွေကို ရှောင်းကျန့်က တစ်ကိုယ်တည်း ထုဆစ်လို့ ။ဝမ်ရိပေါ် သူ့အိကျီအပေါ်ကနေ ရင်ဘက်နေရာကို ထိတွေ့လာတဲ့ ရှောင်းကျန့်လက်တွေကို သတိထားမိရင်း ငြိမ်နေမိတယ် ။ သဘောကျလို့ ငြိမ်ခံနေတာ မဟုတ်ဖူး ။ ဘာဆက်လုပ်မလဲ သူစောင့်ကြည့်နေတာ ။
နူးညံ့နေတဲ့အထိအတွေ့တွေကြောင့် ဝမ်ရိပေါ် သိလိုက်ရပြန်တယ် ။ ရှောင်းကျန့်ရဲ့ အထိအတွေ့ဟာ နှစ်လိုဖွယ်ကောင်းလွန်းလှအောင် ဆွဲဆောင်မှုရှိတယ်။ ဒါဟာလည်း ရှောင်းကျန့် မိန်းမတွေအပေါ် ဆွဲဆောင်တဲ့ အားသာချက်တစ်ခုနေမှာ ။ ဒါကြောင့် အလိုမကျသလို မျက်မောင်လေးကုတ်မိတဲ့ ဝမ်ရိပေါ်။ ထိုအချိန်မှာပဲ ဝမ်ရိပေါ် ဗိုက်သားပြင်ကို အိကျီအောက်ကနေ နှစ်ဝင်လာတဲ့ ရှောင်းကျန့်လက်တွေကြောင့် ထိုလက်တွေကို ဝမ်ရိပေါ် အမြန်ရိုက်ချပြီး တားလိုက်မိတယ် ။
ဖျောင်း......။
" ရှောင်းကျန့် ဖယ်စမ်း ဖယ်စမ်း မင်းရဲ့ ညစ်ပတ်နေတဲ့လက်တွေနဲ့ ငါ့ကို လာမထိစမ်းနဲ့ "
ခုဏကအထိ အကောင်းကြီးကနေ ချက်ချင်းထဖောက်လာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် လှုပ်ရှားမှုများသည် ရပ်တန့်သွားသည် ။
" တောင်းပန်ပါတယ် ရိပေါ် ။ ကိုယ် စိတ်လွတ်မိသွားတယ် "
တိုးဖျတဲ့ လေးသံလေးနဲ့အတူ နွေးထွေးနူးညံတဲ့ အနမ်းလေးကျရောက်လာတဲ့ ဝမ်ရိပေါ်ရဲ့ နဖူးပြင်လေး။ ထို့နောက် ကိုယ်ပေါ်က ဖယ်ခွာသွားတဲ့ ကိုယ်သင်းရနံ့ ပြင်းရှရှနဲ့ ခန္ဓာကိုယ်လေးကြောင့် ဝမ်ရိပေါ်ရင်ထဲ နှင့်ကနဲပဲ ။
လောဘကြီးတာက ရှောင်းကျန့် ။ နှစ်နာတဲ့သူက ဝမ်ရိပေါ်ပါ ။ ဒါပေမယ့် အခု ခံစားရတာလည်း သူဘာလို့ ဖြစ်နေရပြန်တာလည်း ။ ဝမ်ရိပေါ် ဝဲတက်လာတဲ့ မျက်ရည်စကို မကျသွားအောင် အမြန်ထိန်းထားမိတယ် ။