အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 15
.
.
.
.
.
အညိုရောင် ညအိပ်ဝတ်စုံလေးနဲ့ ကြမ်းပြင်မှာ အားရပါးရထိုင်ပြီး စာရင်းတွေလုပ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် အလုပ်ခုံမှာထိုင်ပြီး ငေးကြည့်နေမိတယ် ။ရှောင်းကျန့်က ညိုသော အသားအရေပေမယ့် မွဲခြောက်ခြောက်မဟုတ်တာကြောင့် စိုစိုပြေပြေလေး ဖြစ်နေပြန်တယ် ။ စိုလွယ် ခြောက်လွယ်တဲ့ အသားအရည်ထဲမှာ ရှောင်းကျန့် အသားအရေ ပါလောက်တယ် ။ ဘာလို့လည်းဆိုတော့ ရှောင်းကျန့်အသားက ဖြူလွယ် ညိုလွယ်တယ်လေ။
မျက်နှာလေးကို အောက်စိုက်ပြီး လက်ထဲက စာရွက်ကို ဂရုတစိုက် ကြည့်နေပုံက ဆွဲဆောင်မှုရှိစွာ။ ဘေးတိုင်ကျကျ မြင်နေရတဲ့ မျက်နှာလေးက တစ်မူထူးခြားနေပြန်ရော ။ နှာတံ ဆင်းဆင်း မေးရိုးသွယ်သွယ်နဲ့ သေးသွယ်ပါးလျှတဲ့ နှုတ်ခမ်းပါးလေး ။ ဒါတွေက ရှောင်းကျန့်ရဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ညို့အားတွေဖြစ်နိုင်လောက်တယ် ။
ဝမ်ရိပေါ် အလုပ်ကို အာရုံမရပဲ ရှောင်းကျန့် ဆွဲဆောင်မှုအောက်မှာ နှစ်မျှော်နေစဉ် ဝမ်ရိပေါ်ကို ရုတ်တရက် မော့ကြည့်လာတဲ့ ရှောင်းကျန့်ကြောင့် ချက်ချင်း မျက်နှာလွဲလိုက်ရတယ် ။
ယီးပဲ စော်တွေကိုညို့တဲ့ မျက်ဝန်းညိုကြီးတွေနဲ့ လာကြည့်နေသေးတယ် ။
ရှောင်းကျန့် ခေါင်းလေးမော့လိုက်မှ မျက်နှာလေး လွဲသွားတဲ့ ဝမ်ရိပေါ်ဟာ နှာရွက်ဖျားလေတွေနီပြီး ပါးလေးများ ပန်းနုရောင် သန်းလာခဲ့တယ် ။
ဖြူသော အသားအရည် နီထွေးနေတဲ့ နှုတ်ခမ်းလုံးလုံးလေး သိပ်ချစ်ဖို့ ကောင်းတဲ့ ပါးဖောင်းဖောင်းလေးရယ် ဝိုင်းစက်နေတဲ့ မျက်ဝန်းလေးနဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် မျက်ဝန်းလေးထဲမှာ အရမ်းချစ်ဖို့ ကောင်းနေတယ် ။
အစက ဒီကောင်းလေး စိတ်ဆိုးပြီး ဒေါသထွက်အောင် ရန်စနေသမျှဟာ ဒီကောင်းလေးကို ရှောင်းကျန့်ရင်ထဲ ရောက်အောင် ပို့ဆောင်စေတဲ့ လမ်းစတွေးများလား ။
ဘယ်အချိန်က စချစ်သွားတာလည်း မမေးနဲ့ သူတစ်ကယ် မသိခဲ့ဘူး ။ ဒီကောင်လေးကို အရှက်ကွဲအောင်လို့ဆိုပြီး ကုမ္ပဏီက ပေးတဲ့ ညစာစားပွဲမှာ အရက်အတင်းတိုက်ပြီး မူးအောင်လုပ်တဲ့နေ့မှာတောင် ဒီကောင်လေးကို ချစ်တဲ့ အချစ်တွေက ဒီကောင်ရင်မှာ သေချာနေပြီ ။