အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 11
အမြင်မသင့်လိုက်တာ ။ မမြင်ချင်ပေမယ့် မြင်နေရတဲ့ အခြေအနေ ။ သူ့ဘေးက လူတွေကို ဂုတ်ကနေဆွဲပြီး ကိုင်ပေါက်လိုက်ရမလား ။ ခြေထောက်နှစ်ချောင်းကနေ ကိုင်ပြီး သွားလွင့်ပစ်လိုက်ရမလား ။ ဒါမှမဟုတ် သူ့ကိုပဲ သွားပြီး ဆွဲခေါ်လိုက်ရမလား ။
ဝမ်ရိပေါ် သူ့ စာပွဲဝိုင်းရှေ့မှာ တွေ့နေရတဲ့ မြင်ကွင်းကိုကြည့်ပြီး စဉ်းစားနေမိတယ် ။
တစ်ကယ်ပဲ ကုမ္ပဏီက တစ်လလောက် ပျောက်သွားပြီး ပြန်လာတဲ့ ရှောင်းကျန့်ကို ဝမ်းပန်းတသား ကြိုဆိုနေကြတာများ သေရွာသွားပြီး ပြန်လာတဲ့ လူလို ။
ဟိုကောင် ရှောင်းကျန့်ကလည်း သူ့ကို ကြိုနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေကြား နွားပြာကြီး အောက်သွားမရှိသလို တဟီးဟီး တဟားဟားနဲ့ ။ အမြင်ကပ်လိုက်တာ ။
ခင်ဗျားကိုပါ ကိုက်ပေါက်လိုက်ရလို့ ။
ဝမ်ရိပေါ် တွေးနေတုန်း ရှောင်းကျန့်ဝိုင်းက ဖယ်ခွာသွားတဲ့ ဝန်ထမ်းတွေ ။ အခုဆို ရှောင်းကျန့် တစ်ယောက်တည်း သူ့ အလုပ်ခုံမှာ ထိုင်လျှက်သားလေး ။
ရှောင်းကျန့် သူ့ကို ပြန်လည်ကြိုဆိုကြတဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး အားလုံး သူ့နေရာသူ ပြန်ထိုင်သွားကြတော့ အမှတ်မထင် ဝမ်ရိပေါ် ရုံးခန်းလေးဘက် လှည့်ကြည့်မိတယ် ။
ဝမ်ရိပေါ်ကပြောတယ် သူ့ကို ကိုယ့်ဟာကိုယ် ရှာစားရမယ်တဲ့ ။ သူ အိမ်မှာနေလို့ဆိုပြီး သူ တင်မကျွေးထားနိုင်ဘူးတဲ့ ။ ဒါကြောင့် ရိပေါ်က ရှောင်းကျန့်ကို နေရာ တစ်နေရာပေးပြီး ဝမ်ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်စေခဲ့တယ်လေ ။
ရှောင်းကျန့် ဝမ်ရိပေါ်ဘက် လှည့်ကြည့်မိတော့ ရှောင်းကျန့်ကို မှန်တွေနဲ့သာ ကာထားတဲ့ သူ့ ကုမ္ပဏီ ရုံးခန်းထဲကနေ စိုက်ကြည့်နေတဲ့ ဝမ်ရိပေါ် ။
ဒါကိုမြင်တဲ့ ရှောင်းကျန့်ကလည်း မရည်ရွယ်ပဲ ခုဏက လာနှုတ်ဆက်တဲ့ ဝန်ထမ်းမလေးတစ်ယောက် တိုက်သွားတဲ့ ကော်ဖီခွက်လေးကို ကောက်ယူကာ ဝမ်ရိပေါ်ကို မြှောက်ပြပြီး ပြုံးရယ်ပြလိုက်တယ် ။