အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 20
.
.
.
.
.
ဘာကြောင့် မင်္ဂလာဦးညမှာ တစ်ယောက်တည်း ဖြစ်နေရတာလည်း ။ ရှောင်းကျန့် တစ်ကယ် တွေးမရခဲ့ဘူး ။ အကြောင်းရင်းက ဝမ်ရိပေါ် ဆိုတဲ့ ဝက်ပေါက်လေး ။ မင်္ဂလာအိပ်ခန်းကို သူ့အခန်းမှာပြင်ပြီး အခန်းထဲက သော့ချ တစ်ယောက်တည်း သိမ်းပိုက်ထားလို့လေ ။ အခုတော့ အဖော်မဲ့ဖြစ်နေတဲ့ ရှောင်းကျန့်က သူယခင်နေထိုင်ရာ တစ်ယောက်အိပ် အိပ်ခန်းလေးထဲမှာ ဝေခွဲမရတွေ ဖြစ်လို့ ။ဝမ်ရိပေါ်ဟာ အစက ဝမ်ပါပါးကို ရှောင်းကျန့်နဲ့ မင်္ဂလာမဆောင်နိုင်ကြောင်း အသေငြင်းပေမယ့် နောက်ဆုံးတော့လည်း ဝမ်ပါပါး စိတ်တိုင်းကျ ခေါင်းငြိမ့်လက်ခံခဲ့တယ်လေ ။ ရှောင်းကျန့်ရဲ့ ဝမ်ပါပါးကို မဟုတ်က ဟုတ်က ပြောစကားတွေကြောင့်လည်း ပါတာပေါ့ ။ ဒါကြောင့် ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက်ရဲ့ အားကျဖွယ်ရာကောင်းတဲ့ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး နောက်ကွယ်မှာ သတိုးသားနှစ်ယောက်မှာ အိမ်တော် တစ်ခုရဲ့ အခန်းတစ်ခန်းစီမှာ အထီးကျန်ဆန်လျှက်.......။
ရှောင်းကျန့် မကျေမနပ် အိပ်ရာထဲမှ ထထိုင်လိုက်တယ် ။ မဖြစ်သင့်ဘူး ။ ဒီလူသားကို ပိုင်ဆိုင်ရဖို့ လူယုတ်မှာ အဖြစ်ခံထားရတာလေ ။ ဒါကြောင့် သူတစ်ယောက်တည်း အထီးကျန်ပြီး မနေနိုင်ဘူး ။
ရှောင်းကျန့် အိပ်ရာမှ ဝုန်းကနည်းထကာ ဝမ်ရိပေါ်အိပ်ခန်းဘက် ဦးတည်တယ် ။ အချိန်က ည ၁၂ နာရီ တစ်ချက်ထိုးလုနီးပါးဖြစ်နေပြီ ။
ဒေါက်......ဒေါက်.........။
"ရိပေါ် ......... ရိပေါ် "
တံခါးခေါက်သံ တိုးတိုးနဲ့အတူ အခန်းအပြင်က ခေါ်သံတိုးတိုးကြောင့် ဝမ်ရိပေါ် နိုးလာခဲ့တယ် ။
ဘယ်သူလဲ အိပ်ကောင်းနေတဲ့ အချိန်ကြီးကို ။
" ရိပေါ် တံခါးဖွင့်ကွာ...."
ရှောင်းကျန့် ..... ။
ဝမ်ရိပေါ် ရှောင်းကျန့် အသံလေးကြားလိုက်မှ သူ့အဖြစ်အပျက်ကို ပြန်အမှတ်ရမိတယ် ။ ဒီနေ့က ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ မင်္ဂလာဆောင်ခဲ့တဲ့နေ့ ။ ဒါကြောင့် ဒီနေ့ညဟာ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ မင်္ဂလာဦးည ။ ဝမ်ရိပေါ် ပါးလေးများ ရဲရဲတောက်ကာ ခေါင်းလေးကို စောင်ထဲ တိုးဝင်လိုက်မိတယ် ။ အဘယ်ကြောင့် သူက ရှောင်းကျန့်ကို မင်္ဂလာအိပ်ခန်းထဲ ဝင်ခိုင်းရမှာလဲ ။ ချစ်လို့ ယူထားတာမဟုတ်တဲ့အတွက် မပေးဆပ်နိုင်ဘူး ။ အချိန်တန်ရင် ရှောင်းကျန့်က သူ့အမွေတွေယူပြီး ထွက်သွားမယ့်သူ ။ ဒါကြောင့် အမွေတွေကို ကာကွယ်ရင်း သူ့ကိုသူပါ မဆုံးရှုံးစေဖို့ ရိပေါ် ကိုယ့်ကိုကိုယ် အပြည့်အဝ ကာကွယ်ရမယ် ။