အမုန်းတရားကိုကျော်လွန်၍ 💜
Chspter - 21
.
.
.
.
.
ယောကျာ်းချင်းအတူတူ ဒီချွေးနံ့သင်းနေတဲ့ ရင်ခွင်ကြီးကများ နွေးထွေးနေတာလား ။ ဒီ အရက်နံ့ ရနေတဲ့ ရင်ခွင်ကြီးကပဲ ဆွဲဆောင်မှု ရှိနေတာလား ။ ဒါပေမယ့် ရိပေါ်ကတော့ ဒီရင်ခွင်ထဲမှာ တိုးဝင်အိပ်ရတာကို တစ်ကယ်သဘောကျသွားတယ်။ရှောင်းကျန့် ခင်ဗျားက မိန်းမတွေမပြောနဲ့ ယောကျာ်းအချင်းချင်းတွေ ကြွေလောက်တယ် ။
ရှောင်းကျန့် သူ့ရင်ဘက်ကို မျက်နှာလေးကပ်ပြီး ပြန်အိပ်ပျော်သွားတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ပြုံးလိုက်မိတယ် ။
တစ်ကယ့် ကလေးလေးပဲ ။ ဒေါသက သေလောက်အောင်ကြီးပြီး သူနဲ့ စကားများတိုင်း လက်ပါတက်တဲ့ ကောင်လေး ။ ဒီကောင်လေးကို ရှောင်းကျန့် ဘယ်အချိန်က သံယောဇဉ်တွေဖောက်ပြား ချစ်မိသွားတယ်မသိပေမယ့် သေချာတဲ့တစ်နေ့မှာ ဒီကောင်လေးက ရှောင်းကျန့် ရင်ထဲ တစ်ခုလုံးကို အပိုင်စားရောက်ရှိနေခဲ့ပြီ ။ ဒါကြောင့် စွန့်လွတ်ဖို့ မဖြစ်နိုင်တဲ့ ရင်ဘက်ထဲက အချစ်တွေနဲ့ ရိပေါ်ပြောတဲ့ လူယုတ်မာ အမည်ခံပြီး အပိုင်သိမ်းလိုက်ပေမယ့် ဒီကောင်လေး မကြည်ဖြူတဲ့ အရာတစ်ခုမှ သူမလုယူဘူးဆိုတာ ဘုရားမှာတိုင်တည် သစ္စာသူပြုခဲ့သည် ။
အခုတော့ ရှောင်းကျန့်လက်တွေ ဖြေလျော့ထားပေမယ့် ရင်ခွင်ထဲက ပြန်ထွက်မသွား ရင်ဘက်ကိုမျက်နှာကပ် ပြန်အိပ်နေတဲ့ ကောင်လေးခေါင်းလေး ဖွဖွနမ်းလို့ ရှောင်းကျန့် မျက်လုံးလေးများမှိတ် ပြန်ပြီးတော့သာအိပ်စက်လိုက်တော့တယ် ။
အရမ်းချစ်တယ် ရိပေါ်လေးရယ်......။
..........................
တင်းကျပ်တဲ့ ထွေးဖက်မှုနဲ့ နွေးထွေးနေတဲ့ ဒီရင်ခွင်က မိန်းမ ဘယ်နှစ်ယောက်ကို ဒီလို ထွေးပွေ့ထားခဲ့ပြီလဲ။
မှေးမှိတ်နေတဲ့ မျက်ဝန်းလေးတွေ ။ တိကျတဲ့ မေးရိုး ဖြောင့်တန်းနေတဲ့ နှာတံ ၊ ပါးလျှနေတဲ့ နှုတ်ခမ်းပါးလေး ။ ဆွဲဆောင်မှုရှိနေတဲ့ မဲ့နက်လေးရယ် ။ ပြီးတော့ ယောကျာ်းပီသတဲ့ ကိုယ်သင်းရနံ့ ရှိနေတဲ့ ဒီရင်ဘက် ။