Chapter - 5

4.6K 476 5
                                    


Chapter - 5

ဝမ်ရိပေါ်နိုးလာလာချင်း ကျလာတဲ့ မျက်လုံးအိမ်က မျက်ရည်တစ်စက် ။ အိမ်မက်ထဲမှာ ဝမ်မားက သူ့ကို အကြိမ်ကြိမ် တောင်းပန်သွားတယ် ။ သူမှားသွားပါတယ်တဲ့ ။ မားရယ် မား မှားခဲ့တာမှ မဟုတ်တာ ဘာလို့ တောင်းပန်နေရတာလဲ ။ ဝမ်ရိပေါ် မျက်လုံးအိမ်က ကျဆင်းလာတဲ့ မျက်ရည်စက်လေးကို လက်လေးမြှောက်ပြီး သုတ်ဖယ်မိတော့ သူ့လက်ချောင်းလေးများမှာ စီးပတ်ထားတဲ့ ပတ်တီးစလေးတွေကို သတိထားမိသွားတယ် ။ ဘယ်သူ လာစီးပေးသွားတာလဲ ။ ညကတော့ အိမ်မက်ထဲမှာ ဝမ်မားက မျက်ရည်စက်လက်နဲ့ သူ့လက်က မှန်ကွဲစတွေ ဖယ်ပြီး ပတ်တီးစီးပေးခဲ့ပေမယ့် ဒါဟာ အိမ်မက်တွေလေ ။ ဒါပေမယ့် ပတ်တီးစတွေက ဘာလို့ သူ့လက်မှာ ရှိနေခဲ့တာလည်း ။ ဒါဟာ အိမ်မက်ပဲ မဟုတ်ဖူးလား ။ သူတောင် အိမ်မက်ထင်ခဲ့မိလို့ မနိုးထခဲ့မိအောင် ဆုတောင်းခဲ့မိတယ်လေ ။ ရိပေါ် ဇဝေဇဝါနဲ့ စိတ်ရှုပ်ထွေးကာ သူ့ လက်လေးမှာ ချည်နှောင်ထားတဲ့ ပတ်တီးစလေးကို ဖွဖွ ထိတွေ့မိတယ် ။ သူ့ကို ဒီအိမ်တော်ကြီးမှာ ဒီလို ကြင်နာတက်တာ ဝမ်မားပဲ ရှိတယ် ။ ဝမ်ပါးကတော့ အခုချိန်မှာ ဟိုသားအမိ နှစ်ယောက်ရဲ့ ညွှန့်ကွင်းထဲမှာ ။ ပြီးတော့ မေတ္တာတုံး သားအမိက သူ့ကို ပတ်တီးလာစီးပေးဖို့ ပိုလို့ မဖြစ်နိုင်သေး ။ အဲ့ဒါဆို အိမ်က အကူအလုပ်သမားတွေလား ။ ဝမ်ရိပေါ် ခေါင်းလေးသာ ခါလိုက်မိတယ် ။ သားလူပျို သူ့အခန်းထဲ ဘယ်အိမ်အကူမှ မဝင်စေခဲ့တဲ့ ဝမ်မား နည်းစနှစ်တွေက အခုအထိ အသက်ဝင်နေဆဲ မဟုတ်လား ။ နောက်ဆုံး မျက်လုံးလေး မှိတ်ပြီးတော့သာ မှတ်ယူလိုက်တဲ့ ဝမ်ရိပေါ်ဟာ ညက သူ့အခန်းထဲဝင်ပြီး သူ့လက်လေးကို ပတ်တီးစီးပေးသွားတာ ဝမ်မားလို့သာ မှတ်ယူလိုက်တယ် ။ မဖြစ်နိုင်ပေမယ့်လို့ပေါ့နော် ။ ဝမ်မားသာ သူ့ကို ဒီလို ဂရုအစိုက်ဆုံးမလား ။

မား ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ် ။ ကျွန်တော့ကို ပြစ်ပယ်မထားပဲ အခုလို ဂရုစိုက်ပေးခဲ့လို့ ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ရှောင်းကျန့် ရေမိုးချိုးပြီး အဝတ်အစား လဲရင်း တွေးနေမိတယ် ။ ဒီနေ့ ဝမ်ရိပေါ်ကို ဘယ်လို ရင်ဆိုင်ရမလဲ ။ မနေ့က တစ်ကယ် မရည်ရွယ်ပေမယ့် အားနဲ့ ဆွဲချလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် သူ့ခြေထောက်တွေက ရိပေါ် အလုပ်စာပွဲပေါ်က ရိပေါ် မိသားစု ဓာတ်ပုံလေးကို ကန်ချမိသလို ဖြစ်သွားခဲ့တာလေ ။ တစ်ကယ် မရည်ရွယ်တဲ့ အဖြစ်အပျက်မလို့ သူ တစ်ကယ် မနေတက်ခဲ့ဘူး ။ ပြီးတော့ ကျကွဲသွားတဲ့ မိသားစုဓာတ်ပုံလေးကို ကြည့်ကာ ညို့မှိုင်းသွားတဲ့ ဝမ်ရိပေါ် မျက်နှာ ။ ပြီးတော့ သူ့မျက်နှာပေါ် ကျရောက်လာတဲ့ အားပြင်းပြင်း လက်သီးတစ်ချက်။ ညက အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေး ။ သွေးစတွေ စွန်းပေနေတဲ့ လက်ချောင်းလေးတွေ ။ ရှောင်းကျန့် မျက်လုံးထဲ တစ်ခုချင်းစီကို ပြန်မြင်ရင်း ခေါင်းလေးခါနေမိတယ် ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Onde histórias criam vida. Descubra agora