အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 19
.
.
.
.
.
အနက်ရောင် အနောက်တိုင်း ဝတ်စုံနဲ့ ရှောင်းကျန့်ဟာ ခြေလှမ်းကို တစ်လှမ်းခြင်း အမြန် သွားနေတယ် ။အနည်းငယ်ညိုသောအသားအရည်ဖြစ်ပေမယ့် အနက်ရောင် ဝတ်ထားတာဟာ အသားကို ပိုမမည်းသွားစေပဲ အလွန်ပင်ကြည့်ကောင်းနေခဲ့တယ် ။
" ရိပေါ် ကိုယ့်ကိုစောင့်ဦး "
နောက်က ရှောင်းကျန့် အသံကြားပေမယ့် တစ်ချက်မှ လှည့်မကြည့်လာတဲ့ ဝမ်ရိပေါ်ဟာ ရှေ့သို့ကိုသာ အမြန်ဆုံး သွားနေတယ် ။
ရိပေါ်က ဆိုးတယ် ။ ရှောင်းကျန့်ကို မချစ်ဖူး မုန်းတယ်ပြောပြီး မင်္ဂလာ ဝတ်စုံကိုကြ တစ်ယောက်တည်း အမြန်ပြေးသွားကြည့်နေတယ် ။
ရှောင်းကျန့်နဲ့ မျက်နှာချင်း မဆိုင်လိုတဲ့ ရိပေါ်ကတော့ မင်္ဂလာဝတ်စုံမှာထားတဲ့ နေရာကို ရှောင်းကျန့်မရောက်ခင် အရင်ရောက်ရအောင်လို့ အပြေးအလွားသွားနေရတယ် ။
ဒါပေမယ့် ခြေလှမ်းကျဲကြီးနဲ့ ရှောင်းကျန့်က ရိပေါ်ကို မှီသွားတာပါပဲ ။
ရှောင်းကျန့် အပြေးအလွှားသွားနေတဲ့ ရိပေါ်လက်လေးကို ဖမ်းဆွဲလိုက်တော့ ရုတ်တရက်အခြေအနေမလို့ ဟန်ချက်ပျက်သွားတဲ့ ရိပေါ်ဟာ ရှောင်းကျန့် ရင်ခွင်ထဲ လုံးကနည်း ရောက်လာခဲ့တယ် ။
ရှောင်းကျန့်ထက် အနည်းငယ် အရပ်နိမ့်တဲ့ ရင်ခွင်ထဲက ရိပေါ်ကို ရှောင်းကျန့် တစ်ချက်ငုံ့ကြည့်ပြီး ကျေနပ်စွာပြုံးတယ် ။
ပန်းနုရောင်သန်းသွားတဲ့ ပါးအို့လေး ။ လူကြားထဲ သူ့ရင်ခွင်ထဲ တန်းရောက်လာလို့ ရှက်သွားသည် ထင်တယ် ။
"လွတ်စမ်း ရှောင်းကျန့် "
" အတူ သွားကြရအောင် ရိပေါ် "
ရိပေါ် စကားမဆုံးခင် ဖြတ်ပြောတဲ့ ရှောင်းကျန့်က ရိပေါ်လက်လေး တစ်ဖက်ကို ဆွဲယူကာ သူလက်ဖဝါးလေးထဲမှာ တင်းကျပ်စွာ ကိုင်ထားပြီး ရှေ့သို့လှမ်းချီတယ် ။
ရိပေါ်လက်ကို ဆွဲကာ ရှေ့ကနေ ဦးဆောင်သွားနေတဲ့ ရှောင်းကျန့်ကို ကြည့်ကာ ရိပေါ် တွေးလိုက်မိတယ် ။ ပစ္စည်းဥစ္စာ မက်တာနဲ့ လူကိုပါလာပြီး ချုပ်ကိုင်နေတာလား။ ဝမ်ရိပေါ် ရှောင်းကျန့်နောက်ကနေ လိုက်ရင်း ရှောင်းကျန့် သူ့လက်လေးကို ဆွဲထားတဲ့ လက်လေးကို ငေးကြည့်ရင်း နှုတ်ခမ်းလေး လှုပ်ယုံလောက် စကားလေးတိုးတိုးပြောလိုက်မိတယ် ။