အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 16
.
.
.
.
.ရူးသွားတာလား ။ ဒါမှ မဟုတ် စိတ်ဖောက်နေတာလား ။ မိန်းမ တကာနဲ့ ပတ်အိပ်နေတဲ့ကောင်က သူ့လို့ ယောကျာ်းတစ်ယောက်ကို ချစ်တယ်လို့ ပြောလာတာ ။ ဒါဟာ စိတ်လွတ်သွားလို့ ဖြစ်မှာပါ ။
ဝမ်ရိပေါ်မျက်နှာနား ထိကပ်မတက်တိုးရင်း ရိပေါ် မျက်ဝန်းတွေကို စိုက်ကြည့်နေတဲ့ ရှောင်းကျန့်ရဲ့ မျက်ဝန်းညိုကြီးတွေ ။ ဒီမျက်ဝန်းတွေနဲ့ မိန်းမ ဘယ်နှစ်ယောက်ကို ကြည့်ပြီးပြီလဲ ။
ပြုံးရိပ် သေးသေးလေး တွဲခိုနေတဲ့ နှုတ်ခမ်းပါးလေး။ ဒီနှုတ်ခမ်းပါးလေးကကော မိန်းမဘယ်နှစ်ယောက်ရဲ့ နှုတ်ခမ်းများကို ထိတွေ့ပြီးပြီလည်း ။
ရိပေါ်နား ထိမတက် နီးကပ်နေတဲ့ ခန္ဓာကိုယ်တောင့်တင်းတင်းလေးက ရနေတဲ့ ရှောင်းကျန့် ကိုယ်သင်းရနံ့မွှေးမွှေးလေး ။ ဒီ ကိုယ်သင်းရနံ့ သင်းသင်းလေးကိုလည်း မိန်းမဘယ်နှစ်ယောက်က ရှူရှိုက်ခဲ့ဖူးပါသလဲ ။
ပြီးတော့ သူတွေ့ဖူးနေခဲ့မိတဲ့ ရှောင်းကျန့်ရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ် ။ ဒီခန္ဓာကိုယ်ကြီး ကိုလည်း မိန်းကလေး ဘယ်နှစ်ယောက် မြင်တွေ့ဖူးပြီးခဲ့ပြီလဲ ။
အတွေးကမ္ဘာထဲမှာ နှစ်ဝင်နေတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်သူ့ကို မျက်တောင်မခက် ငေးကြည့်နေခဲ့တာလည်း သူမသိတော့ပါဘူး ။
အချစ်ကို ထိတွေ့ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်က အချစ်စကား ကြားလိုက်ရတာနဲ့ အဲ့လောက်အထိ ငြိမ်သက်သွားဖို့ လိုလို့လား ။
အသက်တောင် မရှိတော့သလို ။ သူ့မျက်နှာကို ငေးကြည့်ကြီး မျက်တောင်လေးတောင် ခက်ဖို့ မေ့နေသလို ။ ပွင့်ဟနေတဲ့ နှုတ်ခမ်းလုံးလုံးလေး ။ ထို နှုတ်ခမ်း လုံးလုံးလေးကို သူ ဖိကပ် နမ်းရလိုက်လျှင်
အတွေးထက် လက်တွေ့ပိုမြန်တဲ့ ရှောင်းကျန့် နှုတ်ခမ်းပါးလေးက ဝမ်ရိပေါ် နှုတ်ခမ်းလေးပေါ် ရောက်နေခဲ့ပြီ...။
နူးညံ့တယ် ။ ထူးခြားတဲ့ အထိအတွေ့လေး ။ ဘယ်အရာနဲ့တောင် နှိုင်းယှဉ်၍မရဘူး..။