Chapter - 6

4.4K 469 15
                                    


Chapter - 6

ဝမ်ရိပေါ် မသိမသာ ရုန်းကြည့်နေပေမယ့် မျက်နှာလေးကပြုံးရင်း မသိမသာအားနဲ့ ဝမ်ရိပေါ် ပခုံးနှစ်ဖက်ကို ဖိချထားတဲ့ ရှောင်းကျန့်ကြောင့် ထမရခဲ့ပေ။

" သောက်လိုက်ပါ ရိပေါ်ရာ ။ သူတို့က ခင်လို့ တိုက်တဲ့ဟာ ။ တစ်ခွက်လောက်လေးကို "

ထိုင်လျှက်ရှိနေတဲ့ ဝမ်ရိပေါ်ကို ရှေ့က အရက်ခွက် ကမ်းပေးနေတဲ့ ခုဏက ရှောင်းကျန့် မိတ်ဆက်ပေးထားတဲ့ မိန်းကလေး တစ်ယောက် ။ ပြီးတော့ ထိုင်နေတဲ့ ဝမ်ရိပေါ် နောက်က ရပ်နေပြီ ဝမ်ရိပေါ် ပခုံးကို မသိမသာ အားနဲ့ ဖိချထားတဲ့ ရှောင်းကျန့် ။ အဝေးကနေ ကြည့်ရင်တော့ ထိုင်နေတဲ့ ဝမ်ရိပေါ်ပခုံးတွေပေါ် ရှောင်းကျန့်လက်တွေတင်ပြီး ရပ်နေတယ်ပေါ့ ။

ရိပေါ် အရက်သောက်မရဘူးဆိုတာ သိနေတဲ့ ရှောင်းကျန့်က သူနှင့် မဆိုင်သလို ရပ်နေယုံမက သောက်လိုက်ဖို့ပါ ရိပေါ်ကို စိန်ခေါ်အပြုံးနဲ့ တိုက်တွန်းနေတယ်လေ ။

" ရှောင်းကျန့် ခင်ဗျားလက်တွေ ဖယ်စမ်း "

ဝမ်ရိပေါ် ဒေါသနဲ့ အံကြိတ်ပြီးပြောပေမယ့် အပြုံးမပျက်တဲ့ ရှောင်းကျန့်က သူနဲ့ မဆိုင်သလိုပင် ရိပေါ် အရှေ့ကနေ ကမ်းပေးနေတဲ့ အရက်ခွက်ကိုပင် လှမ်းယူလိုက်သေးတယ်။

" ရှောင်းကျန့် "

" ရိပေါ်ကလည်း တစ်ခွက်လောက် မော့လိုက်စမ်းပါ..။ ယောကျာ်းလေးမဟုတ်တာကျနေတာပဲ တစ်ခွက်လောက်လေးဟာကို နော့..."

ဝမ်ရိပေါ်ကို ငုံ့ကြည့်ပြီး ပြောယုံမက ရှေ့ကနေ ဝိုင်းထိုင်နေတဲ့ လူများကိုပါ စစ်ကူ ခေါ်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာကိုမော့ပြီးကြည့်လိုက်မိတယ် ။

ဝမ်ရိပေါ်ကို ငုံ့ကြည့်ပြီး ပြုံးပြနေတဲ့ ရှောင်းကျန့်မျက်နှာလေးက ခနဲ့ပြုံးတွေနဲ့ ။

ဝမ်ရိပေါ် ရှောင်းကျန့် မျက်နှာကို မော့ကြည့်ပြီး သူ့ရှေ့က ဝိုင်းမှာ ထိုင်နေတဲ့ လူတွေမျက်နှာလိုက်ကြည့်မိတော့လည်း အားလုံးက ဝမ်ရိပေါ်ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ ခနဲ့ပြုံးတွေ ပြုံးလို့ ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Opowieści tętniące życiem. Odkryj je teraz