အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 14
.
.
.
.
.
" သားရိပေါ် လာထိုင် "မနက်စာ စားဖို့ ထမင်းစားခန်းထဲ ဝင်လာတဲ့ ရိပေါ်ကို ထမင်းစားခန်းထဲမှ ခရီးဦးကြို ပြုတဲ့ ဝမ်ပါး ။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ် နောက်ကနေ အေးအေးဆေးဆေးလေး လိုက်ပါလာတယ် ။
" သားရှောင်း မျက်နှာက ဘာဖြစ်တာလည်း "
ရှောင်းမေ ရှောင်းကျန့် မျက်နှာလေး မြင်လိုက်လျှင်ပင် အလန့်တကြား ထမေးတယ် ။
မေးလည်း မေးချင်စရာ ရှောင်းကျန့် မျက်နှာလေးရှိ ပါးလေးတစ်ဖက်ဟာ ညိုပုတ်ပြီး နှုတ်ခမ်းထောင့်လေးပါ သွေးစို့ နေတယ်လေ ။" ညက ရေထသောက်ရင်း ချော်လဲတာ မား "
ရှောင်းကျန့် စကားကို မယုံသလို မျက်မှောင်လေး ကုတ်ကြည့်တဲ့ ရှောင်းမေ ။ ရှောင်းကျန့်ကတော့ သွားလေးစိပြီး အချိပြုံးလေးတာ ပြုံးပြလိုက်တယ် ။
အ့ နာလိုက်တာ ...။
......................
ဝမ်ရိပေါ် ကားထဲ ဝင်ထိုင်တော့ ဘေးနားက အရင်ရောက်နေတဲ့ ရှောင်းကျန့်က ပြုံးရယ်ပြတယ် ။
ဒါကို မတွေ့ချင်ယောင်ဆောင်တဲ့ ဝမ်ရိပေါ်ကှူ့လက်ထဲမှာ ကိုင်လာတဲ့ စာရင်းတွေကိုသာ မမြင်ဖူးသလို ပြူပြဲကြည့်ရင်း ခေါင်းငုံ့ထားတယ် ။" ရိပေါ် "
" ခင်ဗျား ပါစပ်ပိတ်စမ်း "
ဝမ်ရိပေါ်ရဲ့ လေသံမာမာနဲ့ စကားသံကြောင့် နာနေတဲ့ ပါးလေးကို လက်နဲ့အုပ်ကိုင်ရင်း ပြုံးလိုက်မိတဲ့ ရှောင်းကျန့်က ခဏလေးအတွင်းမှာ ဝမ်ရိပေါ် နားတိုးကပ်သွားပြန်တယ် ။
" ရှောင်းကျန့် ခင်ဗျား ".
" ရှူးတိတ်တိတ်နေ ခါးပတ် ပတ်ပေးမလို့ "
ရှောင်းကျန့် ပြောပြောဆိုဆိုနဲ့ ဝမ်ရိပေါ် တစ်ဖက်ရှိ ခါးပတ်ကြိုးလေးကို လှမ်းယူပြီး ဝမ်ရိပေါ်ကို ပတ်ပေးလိုက်တော့ မျက်လုံးလေး အပြူးသားနဲ့ ဝမ်ရိပေါ်ဟာ ကားထိုင်ခုံလေးနဲ့ ရှောင်းကျန့်ကြားထဲ အသက်ပင် ရှူဖို့ မေ့နေသလို ။
တော်ပါသေးရဲ့ ညကလို ရှက်ရမ်း ရမ်းပြီး လက်သီးနဲ့ ထ မထိုးလို့ ။