အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 9
တစ်ချက် တစ်ချက် တွန့်သွားခဲ့ ခန္ဓာကိုယ်လေးရယ်။ ပြီးတော့ ငိုရှိုက်သံ တိုးတိုးလေး နဲ့အတူ တိုးဖွဖွ ခေါ်ငြီးသံလေးက မာမား တဲ့ ။
အော် အိပ်နေတာတောင် မာမားကို တနေတဲ့ ကောင်လေး ။ မင်းကမှ မွေးကတည်းက မိ ဘ အစုံအညီရှိသေးတယ် ရိပေါ်ရယ် ။ငါမွေးတုန်းက ငါကမွေးကတည်းက အဖေ ခေါ်စရာ မရှိခဲ့ဘူး ဝမ်ရိပေါ်ရ ။အဖေမရှိတဲ့ သား ။ လင်ကောင် မပေါ်တဲ့ မိန်းမ ။ ငါတို့ သားအမိကို လူတွေ ဘယ်လောက်အထိ ချိုးနှိမ်ကြလဲ မင်းသိလား ဝမ်ရိပေါ် ။ရွှေပုံပေါ်မှာစံ ၊ ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ သား ဝမ်ရိပေါ် မင်းသိမယ် မထင်ပါဘူးကွာ။
ပိုက်ဆံ မရှိတဲ့ ဘဝဟာ ခါးတယ် ။ အဖေ မပေါ်တဲ့ ကလေးဘဝဟာ လှောင်ရယ်သံလေးတွေကြားမှာ ကြီးပြင်းလာခဲ့ရတယ် ။ ဒါကြောင့် သားလို့ခေါ်ပြီး ကြင်နာပြတဲ့ မာမားရဲ့ နောက်ယောကျာ်း ဝမ်ပါပါးကို ခင်တွယ်မိတာ သူမမှားခဲ့သလို ။ ပိုမွေးသလို အရိပ် တစ်ကြည့်ကြည့်နဲ့ သူ့ထက် ပိုကြင်နာပြတဲ့ ဝမ်ရိပေါ်ကိုလည်း မနာလိုပြန်ဘူး ။ ဒါကြောင့် ဝမ်ရိပေါ် နေရာကို လုယူခဲ့ဖို့ ကြိုးစားခဲ့တဲ့ ရှောင်းကျန့် ။
ရှောင်းကျန့် ဝမ်အိမ်တော်ကို စရောက်တော့ သူ့ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တဲ့ ဝမ်ရိပေါ်ကို မုန်းတယ် ။ ဒါကြောင့် ဝမ်ရိပေါ် နေရာ လုယူဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ရတယ် ။ ဒါပေမယ့် ခုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ရှောင်းကျန့်ရဲ့ ရှုပ်ထွေးလာတဲ့ ခံစားမှု ။ ဘာရယ်လို့ အရေရာ မသေချာပေမယ့် ဒီကောင်လေး ဝမ်နည်းလာရင် သူပါ ခံစားလာရတယ် ။
ဒီနေ့လည်း ဝမ်ပါပါးရဲ့ စကားတွေကို ဘာတွေတေံးပြီး ဝမ်းနည်းသွားသည် မသိတဲ့ ဝမ်ရိပေါ်က ရှိုက်ကြီးတငင်ငိုနေပြန်တော့ သူမနေတက်စွာ လိုက်ခံစားမိတယ် ။
အခုနောက်ပိုင်း ဝမ်ရိပေါ် ဆိုတဲ့ ဒီကောင်လေး မျက်နှာ တစ်ချက်ညိုးသွားရင် ရှောင်းကျန့် ဆိုတဲ့ ဒီကောင်ကြီးရဲ့ ရင်ဘက်ထဲက နာတယ် ။
အခုလည်း သူ့လက်ကို ဆွဲကိုင်ပြီး အိပ်ရာထဲမှာ အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့် သက်ပျင်းလေးချမိတယ် ။