အမုန်းတရားကိုကျော်လွန်၍ 💜
Chapter - 12
ဝမ်ရိပေါ် နိုးလာတော့ သူ့အိပ်ခန်းထဲမှာ မနက် မိုးတောင် လင်းလုပြီ ။ ညက အလုပ်ခန်းထဲမှာပါ ဘယ်လိုလုပ် အိပ်ခန်းထဲ ရောက်လာတာလည်း ။ အိပ်နေရင်း အိမ်မက်ယောင်ပြီး ရောက်လာတာတော့ မဖြစ်နိုင်ဘူး ။ သူ အိမ်မက် မယောင်တက်တာ သူ့ကိုယ်သူ အသိဆုံး ။ အဲ့ဒါဆို ဘာလို့ အလုပ်ခန်းထဲကနေ သူ့အိပ်ခန်းထဲ ရောက်လာတာလည်း ။ ဇဝေ ဇဝါအတွေးတွေကို နဖူးပေါ် လက်တင် စဉ်းစားမိနေတဲ့ ဝမ်ရိပေါ် ။
ညက ဘာရယ်မဟုတ်ဖူး ။ သူ့ အိပ်ခန်းထဲက ရေကုန်နေလို့ ရေထယူရင်း အပြင်ခိုးထွက်ဖို့ ပြင်နေတဲ့ ရှောင်းကျန့်ကို တွေ့တာကြောင့် ရှောင်းကျန့်ကို အပြင်မထွက်စေချင်တာနဲ့ အလုပ်ရှိတယ်ဆိုပြီး အလုက်ခန်းထဲ ခေါ်သွားခဲ့တာလေ ။ အဲ့လိုမှ မခေါ်သွားရင် ရှောင်းကျန့်က အရက်ဘားကို သွားပြီး သူ့ ညငှက်မတွေနဲ့ နန့်ကြောသွားထနေမှာ ။
ဝမ်ရိပေါ် သူ့စိတ်သူလည်း နားမလည်မိတော့ဘူး ။ အစက သူ့နေရာ ဝင်ယူမယ့်သူဆိုပြီး မုန်းတီးမိပေမယ့် အခုကြတော့လည်း အဲ့ခံစားချက်က မရှိတော့သလို ။ အင်း ရှောင်းကျန့် သူ့အပေါ် ပြောင်းလဲလာတာလည်း ပါမှာပေါ့ ။ ဝမ်အိမ်တော်ကို စရောက်ကာစ ရှောင်းကျန့်ဟာ ရိပေါ်မကြိုက်တာတွေ အကုန်လုပ်ယုံမရ ရိပေါ်ကို ခဏ ခဏ ရန်စတယ်လေ။ အခုတော့ ခြေငြိမ်နေတဲ့ ရှောင်းကျန့်က ဘာကြောင့် သူ့အပေါ် အချိုးပြောင်းလဲသွားသည်မသိ ။ သူ မကြိုက်တာတွေ သိပ်မလုပ်တော့သလို ။ ဒါကြောင့် ရိပေါ်လည်း ရှောင်းကျန့်အပေါ် ပြောင်းလဲမိသွာူးည် နေမှာပေါ့ ။
" ရိပေါ် နိုးရင်ထဟေ့ ။ ကုမ္ပဏီ သွားဖို့နောက်ကျမယ်. .."
ရိပေါ် အခန်းတံခါးကို လာခေါက်ရင်း အသံပေးလာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အိပ်ရာဘေးက နာရီကို တစ်ချက်လှမ်းကြည့်မိတယ်။
ငါ့ယီး ၈ နာရီထိုးတော့မှာဟ... ။
ဝမ်ရိပေါ် နာရီကို အမြန်ဆုံးပြန်ချပြီး အိပ်ရာပေါ်က အတင်းထကာ ရေချိုးခန်းပြေးရတယ် ။
ဝမ်ကုမ္ပဏီရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် သူက အလုပ်နောက်ကျတာမျိုး မဖြစ်စေချင်ဘူး ။