အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 24
.
.
.
.
.
ဝမ်ရိပေါ်နဲ့ ပြေလည်သွားတဲ့ ရှောင်းကျန့်အတွက်ကတော့ အရာရာဟာ ပျော်စရာပါပဲ ။ မနက်ဆိုရင် ကုမ္ပဏီအတူသွားပြီး နေ့လည်ဆိုလည်း အတူတကွ နေလည်စာ စားကြတယ် ။ ညနေဆို အတူအိမ်ပြန်ကြသလို ရှောင်းကျန့် ပခုံးလေးမှီကာ သီချင်းတိုးတိုးဆိုတက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် အချစ်တိုးရပြန်ရော ။ ဒါကြောင့် ရိပေါ်တို့ကို ကားမောင်းပေးတဲ့ ဒါရိုက်ဘာကြီးကတောင်ပြောတယ် သူတောင် ရိပေါ်တို့ကိုကြည့်ပြီး သိပ်အားကျတာပဲတဲ့ ။လုပ်ပိုင်ခွင့်တွေ လွဲပေးထားပေပြီး ရှောင်းကျန့် စိတ်တိုင်းကျ နေစေခဲ့တဲ့ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို တစ်ချက်လေးမှ လွတ်လပ်ခွင့် မပေးထားခဲ့ပါဘူး ။ ရှောင်းကျန့်သွားရာနောက် တစ်ကောက်ကောက်လိုက်သလို ရှောင်းကျန့်ရှိရာအရပ်သည် ဝမ်ရိပေါ် ဦးတည်ရာအရပ်ပေါ့ ။ အဖြေက မထူးဆန်းပါဘူး ။ အကြောင်းရင်းက ဝမ်ရိပေါ်က ရှောင်းကျန့်ကို သိပ်ချစ်လို့ပေါ့ ။ ဒါပေမယ့် ဘယ်သူမှ ထင်မထားတဲ့အချက်တစ်ခု ရှိနေသေးတယ် ။ အဲ့အချက်လေးကတော့ စိတ်မချမှု ။ ရှောင်းကျန့်ကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ ဝမ်ရိပေါ်ဟာ တစ်ရက် ရှောင်းကျန့်ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေယူပြီး ထွက်ပြေးသွားမှာကြောက်တဲ့ စိတ်လေးလည်းပါတာပေါ့ ။ ဒီနေ့လည်း ရှောင်းကျန့်သွားရမယ့် ညစာစားပွဲအတွက် ဝမ်ရိပေါ်က နောက်ကလိုက်ဖို့ပြင်တယ် ။ အရက်ကြိုက်တဲ့ ရှောင်းကျန့်ကို တစ်ယောက်တည်း ဝမ်ရိပေါ် မလွတ်လိုက်နိုင်ပါဘူး ။ ညစာစားပွဲတိုင်းမှာ အသောက်အစားတော့ အနည်းအများ ပါကြတယ်မလား ။ ဒါကြောင့် အရက်မသောက်နိုင်ပေမယ့် လိုက်ဖို့ပြင်နေတဲ့ ဝမ်ရိပေါ်က အားလုံးအဆင်သင့် ဖြစ်နေခဲ့ပြီ ။
ရှောင်းကျန့် ရေချိုးခန်းထဲကထွက်လာတော့ တောက်ပတဲ့အဝတ်အစားနဲ့ ဝမ်ရိပေါ်ဟာ ညစာစားပွဲလိုက်ခဲ့ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ရှောင်းကျန့် သဘောကျစွာ ရယ်လိုက်မိတယ် ။
ညစာစားပွဲလိုက်မယ့် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို သိပ်ချစ်လို့ လိုက်ခဲ့တာမဟုတ်မှန်း ရှောင်းကျန့်သိတာပေါ့ ။ အကြောင်းရင်းက ညစာစားပွဲမှာ အပျော်အပါးတွေပါလာတက်တာကြောင့် ဝမ်ရိပေါ် လိုက်ခြင်း ဖြစ်ပါတယ် ။ ဝမ်ရိပေါ် ဟာ ရှောင်းကျန့်ကို သိပ်ချစ်တယ် ။ ဒါပေမယ့် ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ပါလာတဲ့ သံသယစိတ် ။ အဲ့ဒီ သံသယစိတ်ကလည်း ဝမ်ရိပေါ်နားမှာ ထုထည်ကြီးမားနေပြန်ရော ။ ဘာကို မယုံသင်္ကာဖြစ်နေမှန်း မသိတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို တစ်ချက်လေးမှ လွတ်ထားမပေးသေးပါဘူး ။ ဒါကို ရှောင်းကျန့်မသိဘူးလား ။ သိပ်သိတာပေါ့ ။ ဒါပေမယ့် ရှောင်းကျန့်ကတော့ မသိသလို ဖာတိဖာတာနေတယ် ။ အကြောင်းရင်းက ဝမ်ရိပေါ်ကို သိချစ်လို့ ။ သိပ်ချစ်မိသွားလို့ ဝမ်ရိပေါ် သဘောကျ သူနေထိုင်ခဲ့ပေးတာ ။ တစ်နေ့တော့ သူချစ်ခြင်းတွေ ဝမ်ရိပေါ် နားလည်လာမှာပါ.....။